Thursday, February 21, 2013

စစ်တပ်သိမ်းယူထားသော မြေယာများအား ပြန်လည်ပေးအပ်မည်ပြောပြီး တောင် သူတစ်ဦး၏ လယ်မြေအား ဘောလုံးကွင်းဖောက်လုပ်နေ

ဇင်ကီး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်အစိုးရလက်ထက်တွင် စစ်တပ်မှသိမ်းယူကာ သီးစားချထားခဲ့ပြီး ရုပ်သိမ်းကာမူလပိုင်ရှင်လယ်သမား များထံ ပြန်လည်ပေးအပ်မည့်အစီအစဉ်ရှိကြောင်း ပြောကြားပြီး လုံး ကောက်ကျေးရွာမှ တောင်သူတစ်ဦးပိုင်မြေအား ဘောလုံးကွင်းအဖြစ် ဖောက်လုပ်နေကြောင်း သိရသည်။

လုံးကောက်ကျေးရွာမှ ဦးရွှေမောင်၏လယ်မြေအား စစ်တပ်မှသိမ်းယူပြီး သီးစာအဖြစ်ပြန်လည်ချထားခဲ့ပြီး ဖေဖော်ဝါရီ (၁၇)ရက်နေ့မနက် (၁၀)နာရီလောက်ခန့်တွင် ဘောလုံး ကွင်းလုပ်ရန် စက်ကြီးများဖြင့်ထိုးနေသဖြင့် ဦးရွှေမောင်သွားရောက် ဟန့်တားရာ ဆောင်ရွက်နေသည့် တပ်ကြပ်ကြီးက အထက်အမိန့်အရလုပ်ခြင်းဖြစ်ရာ ကျေနပ်မှုမရှိက တိုင်ကြားလိုသည့်နေရာတွင် သွား တိုင်နိုင်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

တပ်မတော်အနေနှင့် ဘောလုံးကွင်းပြုလုပ်လိုက စားကျက်မြေများတွင် ပြုလုပ်နိုင်ပြီး သိမ်းဆည်ထားသော မြေများအား ပြန်လည်ပေး အပ် ရန်မူများ ချမျတ်နေချိန်တွင် ယခုကဲ့သို့ ပြုလုပ်နေခြင်းသည် ကောင်း သော လုပ်ရပ်မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီRNDP၏ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုး(အမ်း) ကပြောသည်။

ဦးရွှေမောင် ပိုင်ဆိုင်သောမြေမှာ ကွင်းအမှတ်(၂၆၅)၊ ဦးပိုင်အမှတ်(၄၆/၃)၊ ၀.၇၃ဧကဖြစ်ပြီး ၂၀၀၁ ခုနှစ် ဧပြီလမှစ၍ ထောက်ပို့တပ်မှတပ်ပိုင် မြေအဖြစ်သိမ်းဆည်းလျက် မူလပိုင်ရှင်တောင်သူထံ ပြန်လည် သီးစားချထားပေးခဲ့ခြင်းဖြစ်သည်။

ဇန်န၀ါရီလ၂၈၊၂၉ ရက်နေ့က လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်နှင့် မြန်မာ့တပ်မတော်၏ကိုယ်စား တပ်မ တော်အရာရှိတချို့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် တပ်မ တော်အနေဖြင့် ယခင်သိမ်းဆည်းခဲ့သော မြေများကိုသီးစားချထားခြင်း မှရုပ်သိမ်း၍ သက်ဆိုင်ရာလယ်သမားများအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးရန် သက်ဆိုင်ရာ စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း၊ တပ်ခွဲများ အဆင့် ဆင့်သို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးကပြောသည်။

" ကျနော်တို့ ကော်မရှင်နဲ့တွေ့တဲ့အခါ တပ်ဖက်က တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က သီးစားချတာမလုပ်ဖို့ အောက်ခြေအအဆင့်ထိ ညွှန်ကြားထားပြီးဖြစ်တယ်။ ဒီအ ပေါ်မှာ လိုက်နာမှုမရှိရင် ပြတ်ပြတ်သားသား အရေးယူသွားမယ်ပြောတယ်။ နောက်ပြီးတော့ သိမ်းဆည်းပြီး မြေတွေကို ပြန်ပေးမယ်ဆိုတဲ့နေရာမှာ မူတစ်ခုသတ်မှတ် ဆောင်ရွက်သွားဖို့ရှိတယ်လို့ သူကပြော သွားတယ်။ " ဟု ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းက ပြောသည်။

အမ်းမြို့နယ်၌ စစ်တပ်မှသိမ်းထားသော လယ်မြေဧက ထောင်ချီရှိနေပြီး၊ နှစ်စဉ်စစ်တပ်သို့ တစ်ဧကလျင် အနည်းဆုံး ၁၀ တင်းနှင့်အထက်ကို ယနေ့အထိ အခွန်ပေးဆောင်နေရပြီး ရခိုင်ပြည်နယ်တွင် အမ်းမြို့နယ်သည် စစ်တပ်မှသိမ် မြေအများဆုံး အသိမ်းခံရခြင်းဖြစ်ရာရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီသို့ တိုင်းကြားလာကြသည်မှာ (၃၄၉.၈၃ဧက)ရှိနေပြီဖြစ်ကြောင်း ဒေါ်သွယ်သွယ်စိုးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြေသိမ်းဆည်းမှု အများအပြားရှိနေပြီး၊ စုံစမ်းရေးကော်မရှင်သို့ တိုင်တန်းသည့်အမှုမှာ တစ်ရာကျော် ရှိသော်လည်း ကုန်ခဲ့ သည့်လအထိ အမ်းမြို့နယ်မှ တိုင်တန်းမှုမရောက်ရှိသေးကြောင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှု ကော်မရှင်ကပြောသည်။

No comments: