Tuesday, February 19, 2013

မြန်မာက ကလေးစစ်သား ၂၄ ဦး ထပ်လွဲအပ်တာကို ကုလကြိုဆို

ABC

မြန်မာအစိုးရက ​ကလေးစစ်သား ​၂၄ ​ယောက်ကို ​မိသားစုတွေနဲ့ ​လူမှုအသိုင်းအဝိုင်းကို ​မနေ့တုန်းက ​ပြန်လည် ​လွဲအပ်ပေးတဲ့အတွက် ​ကုလ သမဂ္ဂက ​ကြိုဆိုလိုက်ပြီး ​ကျန်တဲ့ ​ကလေးစစ်သားတွေကိုလည်း ​အမြန်ဆုံး ​ပြန်လည်လွဲအပ်ဖို့ ​တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်အတွင်းရှိ ​ကလေးစစ်သားတွေကို ​မိသားစုတွေရဲ့ ​လက်ထဲ ​ပြန်လည်လွဲအပ်ပေးဖို့ ​နဲ့ ​ကလေးစစ်သားတွေ ​နောက်ထပ် ​မခေါ်ယူဖို့ ​ပြီးခဲ့တဲ့နှစ်ကပဲ ​မြန်မာအစိုးရနဲ့ ​ကုလသမဂ္ဂတို့အကြား ​သဘောတူညီမှုရယူပြီးနောက် ​ခုလို ​ကလေးစစ်သားတွေကို ​လူမှုအသိုင်းအဝိုင်းထဲ ​ထပ် မံလွှတ်ပေးလိုက်တာ ​ဖြစ်ပါတယ်။

ကျန်ကလေးစစ်သားတွေအားလုံးကို ​အမြန်ဆုံးလူမှုအသိုင်းအဝိုင်းထဲ ​လွဲပေးဖို့ ​မြန်မာစစ်တပ်ကို ​တိုက်တွန်းလိုက်သလို ​တခြား ​လက်နက်ကိုင် ​အဖွဲ့အစည်းတွေလည်း ​အလားတူလုပ်ကြဖို့ ​တိုက်တွန်းလိုက် ပါတယ်။

ကလေးစစ်သားကို ​အသုံးပြုတဲ့ ​နိုင်ငံ ​၁၄ ​နိုင်ငံထဲမှာ ​မြန်မာနိုင်ငံပါတယ်လို့ ​ကုလသမဂ္ဂစာရင်းအရ ​သိရပါတယ်။

No comments: