Monday, February 4, 2013

လှိုင်သာယာ ကျူးကျော်မြေတွင် နေထိုင်သူများ ဥပဒေအရ အရေးယူပါက ခံယူမည်

စောဇင်ညီ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃

ကျူးကျော်နေထိုင်မှုများအား တရားဥပဒေအရ အရေးယူပါက အရေးယူခံမည်ဟု လှိုင်သာယာ ၅ထိပ် ရပ်ကွက် ပီမိုးနင်းလမ်းရှိကျူးကျော်နေ ထိုင်အချို့က မဇ္ဈိမ သို့ပြောသည်။

“ ဥပဒေကြောင်းအရ တရားမျှတတဲ့ အရေးယူမှု လုပ်ရင်တော့ ခံဖို့အသင့်ပါ။ ကျွန်မတို့ ဖယ်မပေးနိုင်ဘူး။ နိုင်ငံသားတယောက်အနေနဲ့ အမိ မြေမှာတော့ ကျောတနေရာ ချနေနိုင်မယ်လို့ ထင်လို့ နေထိုင်တာပါ ” ဟု ကျူးကျော်နေထိုင်သူ ဒေါ်အေးလွင်က ပြောသည်။

အဆိုပါ ပြည်သူများမှာ လူ၇၀၀ခန့် ရှိပြီး ကျူးကျော် နေထိုင်သော မြေကွက်မှာ မြေ၁၅ဧကကျော် ရှိကြောင်း၊ အိမ်ခြေစုစုပေါင်း ၄၀၀ခန့် ရှိ သည်ဟု နေထိုင်သူများအား အကူအညီပေးနေသူ တဦးမှ ပြောသည်။

ကျူးကျော်လာရောက် နေထိုင်သူများမှာ နေထိုင်စားစရိတ် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရ သဖြင့် ယခုလို လာရောက်နေထိုင်နေ ရခြင်း ဖြစ်သည်ဟု မဇ္ဈိမ သို့ပြောသည်။

“ အိမ်ဌားနေဖို့လည်း တလကို နှစ်သောင်းခွဲလောက်ရှိတယ်။ စားဖို့တောင် မရှိတဲ့ အနေအထားမှာ နေဖို့ ပါခက်နေတော့ ကျွန်တော်တို့ ဒီလို လာနေထိုင်နေရတာပါ ” ဟု ကျူးကျော်နေထိုင်သူ ကိုကျော်လှိုင်က ပြောသည်။

ယခုလို ကျူးကျော်နေထိုင်နေသူများမှာ လှိုင်သာယာမြို့နယ်မှ ဒေသခံများ အပါအ၀င် အခြားရပ်ဝေး ဒေသများမှပြည်သူများ ပါဝင်ကြပြီး ဇန်န၀ါရီလ ၃၁ရက်နေ့မှ စ၍ ၀ါးများဖြင့် တိုင်စိုက်ကာ မြေနေရာယူ ထား ပြီး ၀ါးအိမ်တည်ဆောက်မှု လုပ်ငန်းများလည်း စတင်လျက် ရှိကြောင်း တွေ့ရသည်။

အဆိုပါ ၀ါးများအား ဖေဖော်ဝါရီလ ၁ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် အမည်မသိသူ တဦးမှ ထရက်ကား ၃စီးဖြင့် လာရောက်ပေးကမ်း သွား ကြောင်း ဒေသခံ အချို့က ပြောသည်။

ယခု ကျူးကျော်ဝင်ရောက်နေထိုင်ကြသော မြေကွက်လပ်သည် လွန်ခဲ့သော ၈နှစ်ခန့်က စပါးစိုက်လယ်မြေဖြစ်ခဲ့ပြီး အိုးအိမ်မှ သိမ်းယူကာ စတားလိုက် ကုမ္မဏီ သို့ရောင်းချမှု ပြုလုပ်ခဲ့ကြောင်း ပီမိုးလမ်းတွင် နေထိုင်သူများက ပြောသည်။

“ လယ်သမားတွေကိုဖယ်ခိုင်းတော့ လယ်သမားတွေက မဖယ်နိုင်ဘူး ဆိုပြီးနေတာ။ ဒါနဲ့ အနီးအနား ရပ်ကွက်တွေက လူတွေပါလာနေရင်း အ ခုလောက်ထိ များသွား တာ ” ဟု အဆိုပါမြေကွက်အနီးတွင် နေထိုင်သူ တဦးကပြောသည်။

ထိုသို့ ကျူးကျော်နေထိုင်သူများအား အိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့် လုံးဝပေးမည် မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးစိုးတင့်မှ နေ ပြည်တော်တွင် ဖေဖော်ဝါရီ ၃ရက် နေ့က ပြုလုပ်ခဲ့သည့် မီဒီယာနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံပွဲတွင် ပြောကြားသည်။

ကျူးကျော်နေထိုင်သူများ ၀င်ရောက်လာမည်ကို စိုးရိမ်သဖြင့် နောက်ထပ် ဆက်လက် လုပ်ဆောင်မည့် စီမံကိန်းများကိုလဲ ကြိုတင် ဖော်ပြ သွား တော့မည် မဟုတ်ဟု ၀န်ကြီးမှ မီဒီယာနှင့် သမ္မတရုံး ၀န်ကြီး တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

အဆိုပါ ကျူးကျော်နေထိုင်သော ပြည်သူများအား စည်ပင်ဝန်ထမ်းများမှ ၀ါးများ ၀င်ရောက်နှုတ်ယူ မှုများ ဇန်န၀ါရီလ ၁ရက်နေ့က ပြုလုပ်ခဲ့ပြီး ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရန် အာဏာပိုင်များမှ နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။

No comments: