ABC
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ KIOကချင်လွတ်မြောက်ရေးကိုယ် စားလှယ်အဖွဲ့က ဦးဆွမ်လွတ် ဂမ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဖေဖော်ဝါရီ (၄) ရက် ဒီကနေ့မှာ တရုတ်နိုင်ငံ ရွေလီမြို့မှာ တွေ့ဆုံဖို့ရှိ တယ်လို့ သိရပါတယ်။
အခုလိုတွေ့ဆုံနိုင်ဖို့ တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေးတာဖြစ်ပြီး KIO ဘက် က ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့ နဲ့အတူ ဒုတိယစစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်လည်း တက်ရောက်မှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အ ကျိုးတော်ဆောင် ဦးခွန်ဂျာက ပြောပါတယ်။
တရုတ်အစိုးရကနေပြီးတော့မှ အလွတ်သဘောအနေနဲ့ပေါ့လေ၊ KIO နဲ့ အစိုးရကို ကြားခံပြီးတော့ ညှိနှိုင်းဆွေးနွေးပေးမယ်ဆိုတဲ့ သတင်းက ကြားရတယ်လေ၊ အလွတ်သဘောဖြစ်တဲ့ အတွက်ကြောင့်မို့ သ တင်း မီဒီယာသမားတွေရော ကြားလူတွေရော ဘယ်သူမှမပါပဲနဲ့ တွေ့ဆုံ မယ်ဆိုတဲ့အ ကြောင်းတော့ ကျနော်တို့သိရတယ်ဗျ။
ငြိမ်း ချမ်းရေးအကျိုးတော်ဆောင်တွေအနေနဲ့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေက ဘယ်လိုအကြောင်းအရာ တွေကို ဆွေးနွေးမယ်ဆိုတာအ သေးစိတ်အချက်အလက်တွေ မသိရတဲ့အတွက် ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေကိုသာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြောပါ တယ်။
KIO နဲ့ အစိုးရအဖွဲ့တွေကြား ၂၀၁၂ခုနှစ် အောက်တိုဘာ၃၀ရက်နေ့က နောက်ဆုံး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ KIO ဘက်က ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေဟာ မနေ့ကတည်း က ရွေလီမြို့မှာရောက်ရှိနေပြီလို့ လည်းပြောပါတယ်။
မြန်မာအစိုးရနဲ့ ကေအိုင်အေတို့အကြား အကြိမ်ပေါင်းများစွာ ဆွေးနွေးလာပြီး မအောင်မြင်ခဲ့တဲ့အတွက် ဒီတချီမှာလည်း နိုင်ငံရေးဆွေးနွေး မှုမပါရင် အောင်မြင်မှု ရအုံးမှာ မဟုတ်ဘူးလို့ တိုင်းရင်းသားလက် နက် ကိုင် အဖွဲ့တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပါတယ်။
ကချင်တပ်နဲ့ မြန်မာတပ်အကြား ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီရှိနေပြီး တရုတ်နိုင်ငံတွင်းကို ပြေးဝင်ကြပေမယ့် တရုတ်အစိုးရက အဝင်မခံခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရပိုင် မီဒီယာတစ်ခုမှာ ဖော်ပြချက်အရ ယူနန်ပြည်နယ်အစိုးရက လူပေါင်း တစ်သောင်းအတွက် ယာယီစခန်းဆောက်ဖို့ ပြင်ဆင်မှုတွေလုပ်နေပြီး စစ်ဘေးဒုက္ခသည်တွေအတွက် အဆင် သင့်ဖြစ်အောင် ဆောက်လုပ်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကချင်ဒေသမှာ မြန်မာစစ်သား သုံးသောင်း နေရာယူထားပြီး ကေအိုင်အေမှာ စစ်သားအင်အား ရှစ်ထောင်လောက်သာရှိပြီး မြန်မာစစ်တပ်ကို ခုခံတိုက်ခိုက်နေတာလို့ တရုတ်-မြန်မာ နယ်စပ်တလျောက်နိုင်ငံ ရေးကို လေ့လာသူ ဦးအောင်ကျော်ဇောကလည်း အေဖက်ဖ်ပီသတင်းကို ပြော သွားခဲ့ပါတယ်။
KIO နဲ့ အစိုးရကြား ၁၉၉၄ခုနှစ်ကတည်းကစပြီး ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် ၂၀၁၁ခုနှစ်မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ နယ်စပ်တလျောက်မှာ ဒုက္ခ သည်စခန်း ၁၇ခု လောက်ရှိနေပြီး ဒုက္ခသည် ၇သောင်းကျော် ရှိနေတယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment