Tuesday, February 5, 2013

အစိုးရ နဲ့ KIO လကုန်မှာ ထပ်တွေ့မယ်

ABC

မြန်မာအစိုးရနဲ့ ​ကချင်တိုင်းရင်းသားအဖွဲ့တို့တွေ့ဆုံ ​မနေ့က ​တရုတ်-မြန်မာနယ်စပ်ရွှေလီမြို့မှာတွေ့ဆုံခဲ့ပြီး ​နှစ်ဖက်စလုံးက ​ခိုင်မာတဲ့အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် ​နောက်ထပ်ဆက်လက်တွေ့ဆုံဆွေးနွေးမှု တွေ ​လုပ်ဆောင်သွား ​ဖို့သဘောတူခဲ့တယ်လို့ ​ပူးတွဲကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

ထပ်မံတွေ့ဆုံ ​ဆွေးနွေးဖို့အတွက် ​နှစ်ဖက်စလုံးက ​လာမယ့်ဖေဖေါ်ဝါရီလကုန်ပိုင်းမှာပြုလုပ်ဖို့ ​သဘောတူခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ဆွေးနွေးပွဲကို ​အစိုးရဘက်က ​ဦးအောင်မင်း ​ခေါင်းဆောင်တဲ့အဖွဲနဲ့ ​KIO ​ဘက်က ​ဦးဆွမ်လွတ်ဂမ်၊ ​ဗိုလ်ချုပ်ဂွမ်မော်တို့အပြင် ​တရုတ်ပြည်သူ့သမ္မတနိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီးဌာနက ​သံအမတ်ကြီးမစ္စတာ ​လျိုကျောက်ဝေ့နဲ့အဖွဲ့ ​အပြင် ​KNU ​ဥက္ကဌ ​ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးနဲ့အဖွဲ့၊ ​ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော် ​မတီ(RCSS/SSA) ​ဗိုလ်မှူးချုပ် ​စိုင်းလူနဲ့အဖွဲ့ ​တို့တက်ရောက်ခဲ့ကြတယ်လို့ ​ငြိမ်းချမ်း ​ရေးအကျိုး ​တော်ဆောင်တဦးဖြစ်တဲ့ ​ဦခွန်ဂျာက ​ပြောပြခဲ့ပါတယ်။

“ဆွေးနွေးပွဲက ​ပြီးသွားပြီ၊ဒီနေ့ဆွေးနွေးတာက ​၉နာရီကနေ ​၄နာရီထိ၊ ​ဆွေးနွေးပွဲမှာ ​ထုတ်ပြန်ကြေညာချက် ​ထုတ်လိုက်ပြီလို့ ​ပြောတယ်ဗျ၊ ​ဒီဖေဖော်ဝါရီလမကုန်ခင်မှာ ​ဒုတိယအကြိမ်ပြန်ဆက်လက်ပြီးဆွေးနွေးဖို့အတွက် ​သဘောတူတယ်လို့ ​ပြောတယ်။”
ဆွေးနွေးပွဲပြီးတဲ့နောက် ​နှစ်ဘက်အဖွဲ့တွေရဲ့ ​သဘောတူညီချက် ​၅ချက်ကို ​ထုတ်ပြန်ခဲ့ရာ ​ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်လက်ကျင်းပသွားဖို့အပြင် ​နှစ်ဘက်အဖွဲ့တွေအကြား ​စစ်ရေးတင်းမာမှုတွေလျော့ချရေး၊ ​စစ်ပြေ ​ငြိမ်းရေးကို ​အလျင်အမြန် ​အကောင်အထည်ဖော်ဖို့နဲ့ ​ဆွေးနွေးပွဲကို ​စိတ်ဝင်စားတဲ့အဖွဲ့တွေ ​လေ့လာစောင့်ကြည့်နိုင်ဖို့ ​စတဲ့ ​အချက်တွေလည်း ​ပါဝင်တယ်လို့ ​ပြောပါတယ်။

KIO ​က ​ညီညွတ်သော ​တိုင်းရင်းသားဖက်ဒရယ်ကောင်စီ ​UNFC ​နဲ့ ​ညှိနှိုင်းပြီး ​နောက်တစ်ကြိမ် ​ဆွေးနွေးပွဲကို ​ဖေဖော်ဝါရီလမကုန်မှီ ​တွေ့ဆုံဆွေးနွေးကြဖို့လည်း ​သဘောတူခဲ့ကြပါတယ်။

၂၀၁၂ခု ​အောက်တိုဘာလ၃၀ရက်နေ့ ​တွေ့ဆုံဆွေးနွေးပွဲတွေတုန်းက ​KIOနဲ့ ​ အစိုးရကြားမှာ ​သဘောထား ​ကွဲလွဲမှုရှိနေတာက ​KIO ​ဘက်က ​နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးကို ​တောင်းဆိုခဲ့တာဖြစ်ပြီး ​အစိုးရ ဘက်က ​အပစ်အခတ်အရင်ရပ်စဲပြီးမှ ​နိုင်ငံရေးဆွေး ​နွေးပွဲတွေပြုလုပ်ဖို့ ​ဆိုတဲ့အချက်အပေါ်မှာ ​ကွဲလွဲမှုတွေရှိခဲ့တာ ​ဖြစ်ခဲ့တဲ့အတွက် ​နှစ်ဘက်အဖွဲ့တွေကြားမှာ ​တိုက်ပွဲတွေပြင်းပြင်းထန်ထန်ပြန် လည်ဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ ​ဦးခွန်ဂျာက 
ပြောပါတယ်။

လက်ရှိအခြေအနေမှာ ​KIO ​နဲ့ ​အစိုးရကြား ​ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ​ပြည်နယ်အဆင့်၃ကြိမ်၊ ​ပြည် ​ထောင်စုအဆင့် ​၇ကြိမ်မှာ ​ဦးအောင်သောင်း ​ဦးဆောင်တဲ့အဖွဲ့နဲ့ ​၃ကြိမ်၊ ​ဦးအောင်မင်းနဲ့တွေ့ဆုံ ​ဆွေး နွေးတာ ​တွေ၊ ​ အလွတ်သဘောဆွေး ​နွေးတာတွေနဲ့ ​စာနဲ့ ​ဆက်သွယ်တာတွေအပါအ၀င်အားလုံး ​၁၂ကြိမ်ရှိသွားပြီ ​လို့ ​ဦးခွန်ဂျာက ​ပြောခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: