Monday, February 18, 2013

မြန်မာမှာ spitfire လေယာဉ်တွေ မြုပ်နှံမှု မရှိလို့ဆို

ABC

ဒုတိယ ​ကမ္ဘာစစ်အတွင်းက ​မြန်မာ ​နိုင်ငံမှာ ​မြှုပ်နှံခဲ့တဲ့ ​စပစ်ဖိုင်းရား ​spitfire ​တိုက်လေယာဉ် ​ရှာဖွေရေးစီမံကိန်းကို ​ရပ်တန့်လိုက်ပြီလို့ ​သိရ ပါတယ်။

၁၉၄၅ခုနှစ် ​ဒုတိယ ​ကမ္ဘာစစ်ကြီး ​ပြီးဆုံးခါနီးမှာ ​မြန်မာ ​နိုင်ငံကို ​တင်ပို့ ​ခဲ့တဲ့ ​စ ​ပစ် ​ဖိုင်း ​ရား ​လေ ​ယာဉ် ​တွေကို​မြှုပ်နှံထားတယ်ဆိုတဲ့သတင်း တွေ ​တဖွဖွ ​ထွက်လာပြီး ​နောက်မှာ ​ရှာဖွေရေး ​စီမံကိန်းကို ​စတင်ခဲ့ တာဖြစ်ပါတယ်။

ရှာဖွေတူးဖေါ်ရေး ​စီမံကိန်းကို ​ဦးဆောင်တဲ့ ​ဗြိတိသျှ ​အဖွဲ့က ​ရန်ကုန် ​အပြည်ပြည် ​ဆိုင်ရာ ​လေဆိပ်အနီးတဝိုက်ရှိ ​ဗြိတိသျှ ​အခြေခံတပ်စခန်း အဖြစ် ​အသုံးချခဲ့တဲ့ ​နေရာမှာ ​တူးဖေါ်ရှာဖွေမှု ​စီမံကိန်းမှာ ​သဲလွန် စ ​တစုံတရာမှာ ​မတွေ့ရှိ ​ခဲ့တဲ့အတွက် ​ရပ်တန့်လိုက်ပြီ ​ဆိုတဲ့​အကြောင်းသ တင်းထုတ်ပြန်ခဲ့တယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​ဗြိတိသျှ ​သမိုင်း ​မော်ကွန်း ​အထောက်အထားတွေအရ ​မြန်မာ ​နိုင်ငံကို ​စပစ်ဖိုင်းရား ​လေယာဉ်တွေ ​ပို့သခဲ့တယ်ဆိုတဲ့ ​သက်သေအ ထောက် ​အထားတွေတွေ ​မတွေ့ ​ရှိခဲ့တဲ့ ​အကြောင်း ​ဖေါ်ပြခဲ့ပါတယ်။

No comments: