ABC
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဘာသာရေးနဲ့လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ မွတ်စလင်လူမျိုးတွေဟာ ဗုဒ္ဓဘုန်းကြီးကျောင်းမှာခိုလုံနေရပြီး ကျောင်းဝင်းတ၀ိုက်မှာ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်လည်း ချထားတယ်လို့လည်း သိရပါတယ်။
ပဋိပက္ခတွေကြောင့် မွတ်စလင်လူမျိုး တစ်ထောင်နှစ်ရာကျော်လောက်ကို မန်းဆူဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ခိုလုံနေထိုင်ခွင့်ပေးထားရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈နဲ့ ၂၉ရက်နေ့တွေမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံး လူ၎ဦးလည်းဒဏ်ရာရခဲ့တဲ့အပြင် နေအိမ်တွေ၊ ဆိုင်ခန်းတွေနဲ့ ဗလီတလုံးပါ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ပြီးတော့ ပဋိပက္ခအတွင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတချို့လည်း ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ပဋိပက္ခကြောင့် မေလ ၂၈ရက် ညနေကစပြီး လားရှိုးမြို့တွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့သလို လုံခြုံရေးတွေလည်း ပိုမိုတင်းကျ ချထားလိုက်ပြီး အာဏာပိုင်တွေက စစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း သိရပါတယ်။
အခုဆိုရင် လုံခြုံရေးအတွက် စစ်သားသုံးရာနဲ့ ရဲနှစ်ရာ ချထားတယ်လို့ နာမည်မဖော်လိုတဲ့ ရဲတစ်ဦးက ရိုက်တာ သတင်းကိုပြောပြခဲ့ပါတယ်။ လားရှိုးမြို့မှာ လူဦးရေ တစ်သိန်းသုံးသောင်းလောက်ရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment