Tuesday, May 28, 2013

အစိုးရနဲ့KIOတို့ နောက်တကြိမ် စတင်တွေ့ဆုံ

ABC

မြန်မာအစိုးရနဲ့ ​ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ​(KIO) ​တို့ ​ကြား ​အပစ်အခတ်ရပ်စဲရေးအတွက် ​ဒီကနေ့မှာ ​စတင်စကားပြောဆိုဆွေးနွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ငြိမ်းချမ်းရေး ​စကားပြောဆိုဆွေးနွေးဖို့အတွက် ​အဖွဲ့စည်းက ​တာဝန်ရှိသူတွေနဲ့ ​မြန်မာအစိုးရ ​ငြိမ်းချမ်းရေး ​ကိုယ်စားလှယ်တို့က ​မနေ့က ​ကချင်ပြည်နယ်မြို့တော် ​မြစ်ကြီးနားမှာ ​ရောက်ရှိနေပြီးလို့လည်း ​သိရပါတယ်။

မြို့တော် ​မြစ်ကြီးနားကို ​ရောက်ရှိလာတဲ့ ​ကချင်တိုင်းရင်းသား ​ခေါင်းဆောင်တွေကို ​သောင်းနဲ့ချီတဲ့ ​ကချင်ပြည်သူလူထုတွေက ​ကြိုဆိုကြကြောင်းလည်း ​သိရပါတယ်။

အခုစကားပြောဆိုဆွေးနွေးမှုကို ​အစက ​ဧပြီလ ​မှာ ​ပြုလုပ်မယ်လို့ ​သဘောတူထားခဲ့ပေမယ့် ​နောက်ပိုင်းမှာ ​မေလကုန်အထိ ​ရက်ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

အခုတွေ့ဆုံတွေ့ဆုံဆွေးနွေးမှုဟာ ​ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ​အစိုးရငြိမ်းချမ်းရေး ​ကိုယ်စားလှယ်တွေကြား ​ကချင်ပြည်နယ်အတွင်း ​ပထမအကြိမ် ​တွေ့ဆုံဆွေးနွေးမှုဖြစ်တယ်လို့ ​သိရပါတယ်။

No comments: