ABC
မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်မှာ မြန်မာအားကစားအာဏာပိုင်က မြန်မာတွေ ပိုကျွမ်းကျင်တဲ့ အားကစားတွေ ထည့်သွင်းတာကို မကျေနပ်တဲ့အတွက် ဖိလိပိုင်နိုင်ငံက သပိတ်မှောက်တဲ့အနေနဲ့ အားကစားသမားဦးရေ လျော့ချပို့ဆောင်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်အားကစားပွဲတော်အတွင်း ဖိလိပိုင်နိုင်ငံက ကစားသမား အယောက် ၅၀၀ ကျော် ပို့ဆောင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အားကစားပွဲတော်မှာတော့ အယောက် ၄၀ ကျော်သာ ပို့ဆောင်မယ်လို့ သိရပါတယ်။
လူအများ ကစားတဲ့ တင်းနစ်အားကစားနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးအားကစားတွေကို မြန်မာက ပယ်ချပြီး မြန်မာတွေ တတ်ကျွမ်းတဲ့ ရိုးရာ ချင်းလုံးပွဲတွေ၊ ကာယဗလပြိုင်ပွဲတွေ ဦးစားပေး ထည့်သွင်းတာကို မကျေနပ်တဲ့အတွက် ခုလို ကစားသမားဦးရေ လျော့ချပြီး ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တခြားနိုင်ငံတွေကလည်း အလားတူ လုပ်ဆောင်ဖို့ ဖိလိပိုင်အားကစားအာဏာပိုင်တွေက တိုက်တွန်းထားပေမယ့် စင်္ကာပူနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ လုပ်ရပ်ကို ထောက်ခံလိုက်ပြီး ဒါဟာ ရိုးရာထိန်းသိမ်းရာရောက်ပြီး ဒေသတွင်းက ရိုးရာလက္ခာဏာ မြင့်တင်ရာ ရောက်တယ်လို့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို ဒီဇင်ဘာလကျရင် ကျင်းပမှာ ဖြစ်ပါတယ်။
No comments:
Post a Comment