ABC
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေကို ကလေးနှစ်ယောက်ထက်မယူရ ဥပဒေ အသက်ဝင်ကျင့်သုံးတော့မယ်ဆိုတဲ့ အစိုးရရဲ့ ကန့်သတ်ချက်ကို ရပ်တန့်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘသာရေးနဲ့လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် မကြာသေးခင်ကပဲ ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေ ကလေးနှစ်ယောက်ပိုမယူရ ဥပဒေကို အသက်ဝင်ကျင့်သုံးဖို့ မြန်မာအစိုးရ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာနဲ့ ရခိုင်လူမျိုးတွေ ကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို ဥပဒေမျိုးထုတ်ပြန်လိုက်တာဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာကျတယ်လို့ ကုလသမဂ္ဂ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Eduardo del Buey က ပြောလိုက်ပါတယ်။
ကလေးနှစ်ယောက်ထက် ပိုမယူရဥပဒေဟာ ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေ အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုမှာပဲ ကျင့်သုံးဖို့ ချမှတ်လိုက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်က အာဏာပိုင်တွေက ဆိုပါတယ်။
အခုလို ဥပဒေမျိုးကို အသက်ဝင်ကျင့်သုံးဖို့အတွက် အစိုးရပြောလိုက်ပြီးတဲ့နောက်ပိုင်းမှာပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါဟာ အခြေလူ့အခွင့်အရေးကို ချိုးဖောက်ရာကျတယ်လို့ ဝေဖန်လိုက်ပါတယ်။
ကလေးနှစ်ယောက်ထက်ပိုမယူရဥပဒေဟာ ယခင် စစ်အစိုးရလက်ကတည်း စတင်ခဲ့တာဖြစ်ပြီးတော့ အခုအချိန်ကျမှ အသက်ဝင်ကျင့်သုံးဖို့ ချမှတ်လိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာ မွတ်စလင်လူမျိုးတွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ ဒုက္ခသည်အဖြစ်နေထိုင်ရတဲ့ လူဦးရေ တစ်သိန်းလေးသောင်းနီးပါးရှိပြီး များသောအားဖြင့် ရိုဟင်ဂျာမွတ်စလင်လူမျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment