Thursday, May 30, 2013

အစိုးရနဲ့KIO စစ်တပ်ခေါင်းဆောင်တွေ သီးသန့်တွေ့ဆံ

ABC

မြန်မာအစိုးရနဲ့ ​KIO ​ကိုယ်စားလှယ်အဖွဲ့ ​ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ​မြစ်ကြီးနားမြို့ ​မနောကွင်း ​သီးသန့်ဆောင်မှာ ​မနေ့က ​တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ​သိရပါတယ်။

အစည်းဝေးကို ​တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ကိုယ်စားလှယ်အဖြစ် ​ ဒုတိယ ​ဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ ​KIOက ​ဒု-စစ်ဦးစီးချုပ် ​ဗိုလ်မှူးချုပ်ဂွမ်မော်တို့ ​တက်ရောက်ခဲ့ပြီး ​ဆွေးနွေးချက်တွေကို ​ထုတ်ပြန်ကြေညာတာမရှိသေးပေမဲ့ ​မနက်ဖြန်အားလုံးပါဝင်တဲ့ ​ဆွေးနွေးပွဲအပြီးမှာတော့ ​ဆွေးနွေးချက် ​အသေးစိတ်ကို ​ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ​ပြောပါတယ်။

နှစ်ဘက်ခေါင်းဆောင်တွေတွေ့ဆုံခဲ့တဲ့အခြေအနေနဲ့ ​ပတ်သက်ပြီး ​ငြိမ်းချမ်းရေး ​အကျိုးတော်ဆောင် ​ဦးလမိုင်ဂွန်ဂျာက ​အခုလိုပြောပါတယ်။

“မနေ့ကဆွေးနွေးပွဲမှာ ​ခေါင်းဆောင်ပိုင်းအနေနဲ့ ​သူတို့သတ်သတ်တွေ့ဆုံဆွေးနွေးရမဲ့ ​အခန်းကဏ္ဍလေးတွေရှိ ​တယ်ဆိုတဲ့ ​အချက်ကြောင့်မို့ ​သူတို့ဒီနေ့တွေ့ဆုံကြတဲ့ ​အစီအစဉ်ပေါ့လေ၊ ​သူတို့တံခါးပိတ်ဆွေးနွေးတာဖြစ်တဲ့ ​အတွက်ကြောင့် ​ကျနော်တို့က ​အဲဒါတွေမသိသေးပါဘူး၊ ​မနက်ဖြန်ကျမှပဲ ​ဆက်လက်ပြီးတော့မှ ​အားလုံးပါဝင်ပြီးမှ ​တွေ့ဆုံတဲ့ဆွေးနွေးပွဲအစီအစဉ်ကို ​ပြန်လုပ်ကြမှာပါ။”


KIO ​စစ်ဦးစီးချုပ် ​ဗိုလ်မှူးချုပ်ဂွမ်မော်က ​ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ​ပတ်သက်ပြီး ​ကချင်ပြည်သူလူထုတွေနဲ့ ​တွေဆုံဆွေးနွေးခဲ့တဲ့အခြေအနေနဲ့ ​ပတ်သက်ပြီး ​ငြိမ်းချမ်းရေး ​အကျိုးတော်ဆောင် ​ဦးလမိုင်ဂွန်ဂျာက ​အခုလို ​ပြောပါတယ်။

“ဒီနေ့ ​၁၂နာရီလောက်မှာတွေ့ဆုံကြပါတယ်၊ ​ဆွေ့ဆုံဆွေးနွေးပွဲ့နဲ့ပတ်သက် ​ပြီးတော့မှ ​ဘယ်လိုညှိနှိုင်းဆွေး ​နွေးနေတယ်ဆိုတဲ့ဥစ္စာ ​ပြည်သူလူထုသိချင်တာပေါ့လေ၊ ​အဲဒါကြောင့် ​KIO ​ဆွေးနွေးရေးအဖွဲ့တွေကို ​မေးမြန်းတဲ့အပိုင်းမှာရှိတယ်၊ ​အဲဒီအပေါ်မှာ ​KIO ​ကလည်း ​ရှေ့ဆက်ပြီးသွားနေတဲ့ ​နိုင်ငံတော်အစိုးရနဲ့ ​တွေ့ဆုံဆွေးနွေးပွဲရဲ့ ​အခြေအနေတွေကို ​ပြည်သူလူထုကို ​ချပြတာပေါ့လေ။”

KIO ​အနေနဲ့ ​သူတို့ဆွေးနွေးမဲ့အခြေအနေတွေကို ​နိုင်ငံတော်အစိုးရထံ ​တင်ပြထားပြီးသား ​ဖြစ်တဲ့အကြောင်း၊ ​အဲဒီအထဲမှာ ​အပစ်အခတ်ရပ်စဲပြီးတော့မှ ​နိုင်ငံရေးဆက်လက်ဆွေးနွေးသွားဖို့ ​မဟုတ်ပဲ၊ ​စစ်ရှိန်ကိုလျော့ပြီး ​တော့မှ ​စစ်မဖြစ်ပွားနိုင်တဲ့နေရာဒေသတွေကို ​လေ့လာစောင့်ကြပ်ရေးရုံးတွေ ​ထားရှိပြီး ​တဖြည်းဖြည်းလုပ် ​ဆောင်သွားပြီးမှ ​နိုင်ငံရေးတွေ့ဆုံပွဲတွေကို ​ဆက်လက်ဆွေးနွေးသွားမယ်ဆိုတဲ့အကြောင်း ​ပြည်သူလူထုကို ​ချပြခဲ့တယ်လို့ ​ပြောပါတယ်။

ပြည်သူလူထုအနေနဲ့လည်း ​KIO ​အနေနဲ့ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ​အလျင်အမြန်ဆုံးဖြတ်မှာကို ​စိုးရိမ်နေပြီး ​စစ်မှန်တဲ့ပြည်ထောင်စုကြီး၊ ​ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေးသာဖြစ်မယ်ဆိုရင် ​KIO ​ရဲ့ ​ဆုံးဖြတ်ချက်တွေအပေါ် ​ပြည်သူတွေအနေနဲ့ ​လက်ခံနိုင်တဲ့အခြေအနေရှိတယ်လို့ ​ဦးလမိုင်ဂွန်ဂျာက ​ပြောပါတယ်။

No comments: