Thursday, May 30, 2013

မြန်မာနိုင်ငံအနောက်ပိုင်းမှာ တရုတ်စွမ်းအင်ကုမ္ပဏီ ၆လုံး တည်ဆောက်ပြီးစီး

ABC

မြန်မာနိုင်ငံအနောက်ပိုင်း ​ကမ်းလွန်ပင်လယ်ပြင်က ​ကျွန်းတစ်ကျွန်းမှာ ​တရုတ်အစိုးရပိုင် ​စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ ​CNPC ​ကုမ္ပဏီက ​ရေနံသိုလှောင်ကုန် ​၆ ​လုံးတည်ဆောက်ပြီးသွားပြီဖြစ်ပြီး ​အဲဒီသိုလှောင်ကန်တွေကနေ ​တရုတ်ပြည်ကို ​သွယ်တန်းမယ့် ​ပိုက်လိုင်း ​၁ ​ခုဟာလည်း ​လာမယ့် ​၆ ​လအတွင်းမှာ ​ပြီးစီးမှာဖြစ်တယ်လို့ ​သိရပါတယ်။

ဒီလိုတည်ဆောက်ပြီးစီးမှုကြောင့် ​တရုတ်နိုင်ငံကို ​ရေနံတင်ပို့တဲ့ ​သင်္ဘောတွေအနေနဲ့ ​ကမ္ဘာပေါ်မှာ ​သင်္ဘောအသွားအလာ ​အထူထပ်ဆုံးရေကြောင်းတွေထဲက ​တစ်ခုဖြစ်တဲ့ ​မလက္ကာ ​ရေလက်ကြားကို ​ဖြတ်ပြီး ​သွားစရာမလိုတော့ပဲ ​မြန်မာနိုင်ငံ ​အနောက်ကမ်းလွန် ​မဒေးကျွန်းကတဆင့် ​ရေနံတွေကို ​တင်ပို့နိုင်တော့မှာ ​ဖြစ်ပါတယ်။

ဒီကျွန်းကနေ ​တစ်ရက်ကို ​ရေနံစိမ်းပေပါ ​၄၄၀,၀၀၀ ​နဲ့ ​သဘာဝဓါတ်ငွေ့ ​ကုဗမီတာ ​သန်းပေါင်း ​၁၂,၀၀၀ ​ကို ​တရုတ်နိုင်ငံ ​အနောက်တောင်ပိုင်း ​ယူနန်ပြည်နယ်ကို ​တိုက်ရိုက်တင်ပို့နိုင်မှာဖြစ်တယ်လို့ ​သိရပါတယ်။

ရေနံပိုက်လိုင်းကနေတင်ပို့မှုကို ​လာမယ့် ​၂၀၁၄ ​ခုနှစ်မှာ ​စတင်လည်ပတ်မှာဖြစ်ပြီး ​သဘာဝဓါတ်ငွေ့တင်ပို့မှုကတော့ ​မေလကုန်မှာစတင်လည်ပတ်နိုင်ဖို့ ​စီစဉ်ထားခဲ့တယ်လို့ ​CNPC ​က ​ပြောပါတယ်။

တရုတ်ကုမ္ပဏီအနေနဲ့ ​ရေနံစိမ်း ​ကုဗမီတာ ​၁ ​သိန်းဆံ့တဲ့ ​သိုလှောင်ကန် ​၆ ​ကန်ကို ​တည်ဆောက်ပြီးခဲ့တာဖြစ်ပြီး ​နောက်ထပ်ပြီး ​အလားတူ ​သိုလှောင်ကန် ​၆ ​ကန် ​ဆက်ပြီးဆောက်သွားဦးမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

မဒေးကျွန်းမှာ ​ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် ​မြေယာတွေ ​ဆုံးရှုံးရတဲ့အတွက် ​ကျွန်းပေါ်မှာ ​နေထိုင်တဲ့ ​ဒေသခံတွေဖက်က ​တည်ဆောက်မှုစီမံကိန်းတွေနဲ့ ​ပတ်သက်ပြီး ​ကန့်ကွက်ဆန္ဒပြမှုတွေ ​ရှိနေခဲ့ပါတယ်။

No comments: