Wednesday, May 29, 2013

ပဋိပက္ခကြောင့်လားရှိုးမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ABC

မြန်မာနိုင်ငံမှာ ​ဘာသာရေးအကြမ်းဖက်မှုတွေအတွက် ​ဝေဖန်ပြောဆိုမှုတွေ ​ရှိနေစဉ်မှာပဲ ​ရှမ်းပြည်နယ်မှာ ​ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို ​မွတ်စလင်အမျိုးသားတစ်ဦးက ​မီးရှို့ခဲ့တဲ့အမှုတစ်ခုကအစပြုပြီး ​ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တယ်လို့ ​ဒေသခံအာဏာပိုင်တွေက ​ထုတ်ပြောခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ​လားရှိုးမြို့မှာ ​ဓါတ်ဆီရောင်းချတဲ့ ​အမျိုးသမီးကို ​အစ္စလာမ်ဘာသာဝင် ​ရှမ်းအမျိုးသားတစ်ဦးက ​ဓါတ်ဆီလောင်းပြီး ​မီးရှို့ခဲ့တဲ့အတွက် ​ရဲကဖမ်းဆီးထားတယ်လို့ ​ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ​ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေအပါအဝင် ​ဒေသခံတချို့က ​အုပ်စုဖွဲ့ဖျက်ဆီးမှုတွေလုပ်ခဲ့တဲ့အတွက် ​လူစုခွဲခဲ့ရပြီး ​အိမ်ခြေတချို့နဲ့ ​ဗလီအဆောက်အဦးတစ်ခု ​တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတယ်လို့ ​ဆိုပါတယ်။ 

ဒေါသထွက်နေတဲ့ ​လူအုပ်ကြီးက ​အဖမ်းဆီးခံထားရတဲ့ ​မွတ်စလင်အမျိုးသားကို ​သူတို့လက်ကိုအပ်ဖို့တောင်းဆိုခဲ့ပြီး ​မွတ်စလင်တွေပိုင်ဆိုင်တဲ့ ​ဈေးဆိုင်တွေနဲ့ ​မွတ်စလင်စာသင်ကျောင်း ​အဆောက်အဦးတစ်ခုကိုလည်း ​မီးတင်ရှို့မှုတွေ ​ရှိခဲ့တယ်လို့ ​AFP ​သတင်းဌာနကို ​ဒေသခံတစ်ဦးက ​တယ်လီဖုန်းကတဆင့် ​ပြောခဲ့တယ်လို့လည်း ​ဆိုပါတယ်။

တချို့နေရာတွေမှာ ​မီးစွဲလောင်မှုတွေရှိခဲ့တာကို ​ငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီး ​စစ်တပ်လုံခြုံရေးတွေ ​ချထားတယ်လို့ ​နာမည်မဖေါ်လိုတဲ့ ​ဒေသခံရဲအရာရှိတစ်ဦးက ​ပြောခဲ့တယ်လို့ ​AFP ​သတင်းဌာနက ​ဖေါ်ပြခဲ့ပါတယ်။

လတ်တလောမှာ ​အကြမ်းဖက်မှုတွေ ​ဆက်မဖြစ်ရအောင် ​ပုဒ်မ ​၁၄၄ ​ထုတ်ထားတယ်လို့လည်း ​သိရပါတယ်။

ရှမ်းလူမျိုးစုကြီးဟာ ​မြန်မာနိုင်ငံမှာ ​ဒုတိယအကြီးဆုံး ​တိုင်းရင်းသားအုပ်စုကြီးဖြစ်ပြီး ​အများစုက ​ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတယ်လို့လည်း ​ဆိုကြပါတယ်။

No comments: