AFFM
လယ်ယာမြေ အသိမ်း ခံရသည့် ပြသနာများကို တရားနည်း တကျ ပြန်လည် ရရှိရန် မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ အစီအစဉ် တစ်ရပ် အနေဖြင့် ကြိုးစား ဆောင်ရွက်နေသည်ဟု AFFM မှ လယ်သမား အခွင့်အရေး ဌာနမှ တာဝန်ခံက ဆိုပါသည်။
“ ချမှတ်ထားသည့် ဥပဒေ အတိုင်း တရားဝင် လမ်းကြောင်းကနေ အဆင့်ဆင့် တင်ပြပြီးတော့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာလည်း ဥပဒေနဲ့ ပါတ်သက်နေတဲ့ အတွက် ရှေ့နေတွေက တဆင့်တင်ပြမှာပါ။ လောလောဆယ်တော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ မဆောင်ရွက်နိုင်သေးပေမဲ့ တဖြည်းဖြည်းနဲ့ တိုးချဲ့ သွားမှာပါ” ဟု ဆိုပါသည်။
မြေသိမ်းမှုနှင့် ပတ်သက်သော အခြေအနေ တချို့ကို ပြေလည်မှု ရရှိခဲ့ပြီးဖြစ်ပါသည်။ လောလောဆယ်တွင် ဧရာဝတီတိုင်း မအူပင်မြို့နယ် ရေလဲလေး ကျေးရွာမှ သမဂ္ဂ၀င် ကိုစိုးဌေး၏ မတရား သိမ်းခံထားရသော ငါးမွေးမြူရေးကန်နှင့် စိုက်ပျိုးမြေများအတွက် နစ်နာကြေး ရရှိရန် တိုင်ကြားမှုတွင် ကူညီဖြေရှင်း ပေးနေသည်ဟု ဆိုပါသည်။
ကိုစိုးဌေးသည် ရန်ကုန်တိုင်း လှိုင်မြို့ နယ် ၁၄ ရပ်ကွက် သီရိမြိုင်ဘူတာရုံ အနီးရှိမြေ (၄.၁၇၉) ဧကခန့် ရှိငါးကန်နှင့် စိုက်ပျိုးမြေများ အသိမ်း ခံထားရပါသည်။ တိုင်ကြားစာများကိုလည်း (က) လယ်ယာ စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဌ၊ (ခ) ဦးအောင်သိန်းလင်း (မြို့တော်ဝန်ဟောင်း) အဖွဲ့ဝင်၊ (ဂ) ဦးခိုင်မောင်ရည်(ဃ) ဦးကျော်မြင့်(င) ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥက္ကဌ သူရဦးအောင်ကို တို့အား ပေးပို့ ထားပါသည်။
မြေသိမ်းမှုများသည် နိုင်ငံတော်မှ သိမ်းဆည်း ထားတဲ့မြေ၊ နိုင်ငံတော်မှ လုပ်ကိုင်ခြင်း မရှိလျှင် မူလဓါးမ ဦးချ လုပ်ကိုင် နေသည့် တောင်သူများကို ပြန်ပေးရမည်ဟု မြေယာ ဥပဒေတွင် ပြဌာန်း ထားပါသည်။ ဤဥပဒေသည် (၁၉၈၈) ခုနှစ်မှ စပြီး တပ်မတော်မှ အာဏာ သိမ်းပြီးနောက်ပိုင်း သိမ်းဆည်းထားသည့် မြေများကို ဆိုလိုခြင်းဖြစ်ကြောင်း သိရပါသည်။
ဤပြသနာများကို လက်တွေ့ ဖြေရှင်းရာတွင်လည်း ကျေးရွာ လယ်သမားများ အနေနှင့် ထုတ်ပြန်ထားသော ဥပဒေနှင့် အညီ တရားဝင် သမဂ္ဂဖွဲ့ စည်းရန် လိုအပ်လှပါသည်။ ဤသမဂ္ဂများမှ တဆင့် ရှေ့နေများ ငှားရမ်းပြီး လုပ်ထုံး လုပ်နည်း အတိုင်း မြို့နယ် အုပ်ချုပ်ရေးမှူးသို့ တင်ပြရပါလိမ့်မည်။ ဤသို့မှ ထုတ်ပြန် ထားသော ဥပဒေ အတိုင်း မြို့နယ် အုပ်ချုပ် ရေးမှူးမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
လယ်သမားများသည် မိမိတို့မြေယာများ အသိမ်း ခံထားရပါက ပထမအဆင့် အနေဖြင့် အသိမ်းခံထားရသည့် ခုနှစ်ကို သတိထားကြည့်ရန် လိုပါသည်။ ဒုတိယ အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ၊ စီစဉ်ဆောင်ရွက်တတ်ရန် လိုအပ်ပါလှသည်။ တတိယ အဆင့်အနေဖြင့် တစ်ဦးချင်း တင်ပြခြင်းထက် စုပေါင်းသည့် အနေဖြင့် သမဂ္ဂ အစည်းအရုံးမှ တင်ပြခြင်း သည်သာ ပိုမို ထိရောက်ဖွယ်ရှိပါသည်။

No comments:
Post a Comment