ဖြူဖြူကို
ထွန်တုံး တိုက်ပွဲဖြစ်လာရန် သွေးထိုး လှုပ်ဆော်သည်ဟု အကြောင်းပြချက်ဖြင့် လယ်သမားများ၏ မြေသိမ်းဆည်းခံရမှု အခက်အခဲအား ဦးဆောင် ကူညီပေးသူ (၃) ဦးအား ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည် အကျဉ်းထောင်တွင် ရမန်ကြီး တပတ် အကျဉ်းချ ခဲ့သည်ဟု နတ္တလင်းမြို့ တာဝန်ကျရဲ အရာရှိတစ်ဦးက ဆိုပါသည်။
“ အဲဒီ သုံးဦးကို အဖွဲ့အစည်း ဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေ ပုဒ်မ (၆) အရတရားစွဲပြီး ဖမ်းထားတာပါ။လောလောဆယ် မှာတော့ ဖမ်းဆီးထားတဲ့ သုံးဦးကိုတော့ တရားရုံးချုပ် အမိန့်နဲ့ ရမန်ကြီး ၁ ပတ်၁၁ရက်နေ့ ကနေ၂၅ရက်နေ့အထိ ဖမ်းထားပြီးမှ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
အဆိုပါ (၃) ဦးသည် ဤတိုက်ပွဲကို ဦးဆောင် အကူအညီပေးခဲ့သူ မိထ္ထီလာပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ဒေါ် မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နှင့် ကိုသန့်ဇင်ထက်တို့ဖြစ်ပါသည်။ ၄င်းတို့သည် နတ်တလင်းမြို့နယ်ချောင်းကမ်းကြီး နှင့် သဲမခန်းကျေးရွာ အုပ်စု၌ ရှိသော သက်ကြီးကုန်း ကြိုးဝိုင်းမှ လယ်မြေများကို ဦးရင်ကြည် ဦးဆောင်သော ဒေသခံ လယ်သမား (၁၀၀) ကျော်က ထွန်တုံးတိုက်ပွဲ ဆင်နွှဲရန် ကမကထပြုခဲ့သူဟု စွပ်စွဲထားခြင်း ခံရသူများဖြစ်ပါသည်။
ယင်းထွန်တုံး ဆန္ဒပြပွဲကို ဇွန်လ၁၀ ရက်မှ၁၂ရက်နေ့အထိ ၃ ရက်တိုင်တိုင် ပြုလုပ်ခဲ့ပါသည်။ ဇွန်လ ၁၂ရက်နေ့ တွင်ချောင်းကမ်းရွာမှ ဆန္ဒပြခဲ့သော သားအမိနှစ်ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူးများက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ယခု ဆန္ဒပြခဲ့သော လယ်မြေသည် လယ်သမားနှင့် မဆိုင်တော့ဘဲ စစ်တပ်မှ တရားဝင် ပိုင်ထားသည့် မြေဖြစ်ကြောင်း၊ ဤကဲ့သို့ ပြုမူခဲ့သည့် အတွက် ခေါ်ယူစစ်ဆေးမည် ဖမ်းဆီးမည်ဟု သတိပေး ခြိမ်းခြောက်ခဲ့သည်ဟု လယ်သမား တစ်ဦးက ဆိုပါသည်။
ဤထွန်တုံး ဆန္ဒပြပွဲကို စစ်တပ်အင်အား (၂၀)နှင့် ရဲ အင်အား (၂၀)ခန့်သပိတ်လှန်ခဲ့ကြောင်း ဆိုပါသည်။ ရဲများကမူ အထိကရုဏ်း မဖြစ်ပွားစေရန် လာရောက် ထိန်းသိမ်းခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြောင်း မူလပိုင်ရှင် လယ်သမား တစ်ဦး က ပြောဆိုခဲ့ပါသည်။
အငြင်းပွားနေသည့် မြေယာမှာ နတ်တလင်းမြို့နယ်မှ မြေဧက ၁၄၀ ခန့် ရှိသော လယ်ယာမြေကို အင်းမ အခြေစိုက် တပ်မ (၆၆) လက်အောက်ခံခမရ ၅မှဧက၁၀၀သိမ်းယူထားပြီး ဧက၄၀ မှာ နတ်တလင်းမြို့ရှိ ရဲများက သိမ်းဆည်း ခဲ့ပါသည်။ ဤလယ်မြေများသည် နတ္တလင်းပိုင် သက်ကြီးကုန်း ကြိုးသဲမခန်း ကျေးရွာအုပ်စုတွင် ပါဝင်ပြီး လယ်ပိုင်ရှင် (၅၂) ဦးထံမှ သိမ်းယူခဲ့ခြင်း ဖြစ်ပါသည်။
ပြည်သူ့ လွှတ်တော် ကလည်း လယ်ယာမြေ သီးစား ချထားရေး ဥပဒေအား ရုပ်သိမ်း ခဲ့ပြီး ဖြစ်သလို ဇန္န၀ါရီလ ၂၈ ရက်နေ့က ပြုလုပ်သော လယ်ယာမြေ စုံစမ်းရေး ကော်မရှင် နှင့် စစ်ထောက် ချုပ်ရုံး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၁/ ၂၀၁၃ တွင်လည်း လယ်သမားများအား အခကြေးငွေ လုံးဝ မယူရဘဲ အခမဲ့ လုပ်ကိုင်ခွင့်ပေးရန်၊ တိကျစွာ ညွှန်ကြားခဲ့ပြီး ဖြစ်သည်။ မလိုက်နာ သူများကို တပ်စည်းကမ်း အတိုင်း အရေးယူလျှက် ရှိကြောင်း နှင့်အပိုဒ်ခွဲ (ခ) တွင် စိုက်ပျိုးမွေးမြူရေး အတွက် သိမ်းယူထားသော မြေများကို မူလပိုင်ရှင် များသို့ပြန်လည် ပေးအပ်ရန် စသည်ဖြင့် ညွှန်ကြား ထားသည်။ တို့ကြောင့် ဒေသခံ များသည် မြို့ နယ်မှ သက်ဆိုင်ရာသို့ စပါး စိုက်ပျိုး လုပ်ကိုင်ခွင့်ကို လွန်ခဲ့သော ၃ ရက်ခန့်က တင်ထားပြီး ဖြစ်ကြောင်း လယ်သမား များက ဆိုပါသည်။

No comments:
Post a Comment