Tuesday, June 18, 2013

လားရှိုးမြို့မှာ တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေဆဲလို့ဆို

ABC

ပြီးခဲ့တဲ့လကုန်ပိုင်းက ​ရှမ်းပြည်မြောက်ပိုင်း ​လားရှိုးမြို့ ​မျာ ​ဖြစ်ပွါးသွါးခဲ့ ​တဲ့ ​ကဋိပက္ခ ​နေရာ ​ကို ​သွားရောက်သတင်းယူ ​ခဲ့ ​တဲ့ ​ABC ​သတင်းထောက် ​Zoe ​Daniel ​က ​လားရှိုး ​မြို့ ​အခြေအနေကို ​သတင်းပေးပို့ ​ခဲ့ပြီး ​တဖက်နဲ့တဖက် ​ယုံကြည်မှုကင်းမဲ့နေသေးတယ်ဆိုတာကို ​တွေ့ရကြောင်း ​ပြောပါတယ်။

သာမန်အားဖြင့် ​လူစည်ကားတဲ့ ​မြို့လည်ကို ​စစ်တပ်ကနေ ​ပိတ်ချထားတဲ့အတွက်၊ ​ဈေးဆိုင်တွေ ​ပိတ်ထားတာမြင်ရတဲ့အကြောင်း၊ ​လူခေါင်နေတဲ့ ​မြို့လည်မှာ ​ဖျက်ဆီး ​မီးရှို့ခံခဲ့ရတဲ့ ​အဆောက်အဦးတွေ ​မြင်ရပြီး၊ ​မီးကျွင်းမီးကျန်တွေကို ​မီးသတ်က ​လိုက်ငြိမ်းနေတဲ့အကြောင်း၊ ​ဗလီနံဘေးမှာ ​ပျက်စီးလိမ်ကောက်နေတဲ့ ​စက်ဘီးတွေနဲ့ ​ဖျက်ဆီး ​ခံထားရတဲ့ ​ကားတွေ ​မြင်ရတဲ့အကြောင်း ​မြင်ကွင်းကို ​ရှင်းပြခဲ့ပါတယ်။

တင်းမားမှုတွေဟာ ​တဖက်စွန်းရောက် ​ဗုဒ္ဓဘာသာ ​ဘုန်းကြီးတွေကနေသွေး ​ထိုးခဲ့တယ်လို့ ​သိရတဲ့အကြောင်း၊ ​မွတ်စလင်စီးပွါးရှင်တွေ ​မြို့တွေမှာ ​စီးပွါး ​လက်ဝါးကြီး ​အုပ်နေကြတဲ့ ​အကြောင်း၊ ​မြန်မာဗုဒ္ဓဘာသာ ​အမျိုးသမီးတွေကိုလဲ ​မွတ်စလင်အမျိုးသားတွေ ​လိုလားကြတဲ့ ​အကြောင်း၊ ​ဒီလိုပြောဆိုမှုတွေ ​ဟာ ​အသစ်အဆန်းမဟုတ်ပေမဲ့ ​အခု ​လို ​ပြောဆိုမှုတွေ ​ပြောင်ပြောင်တင်း ​ပြောလာတာတွေဟာ ​မြန်မာနိုင်ငံမှာ ​ပြောင်းလဲစဖြစ်ပေါ်လာနေတဲ့ ​ဒီမိုကရေစီကို ​ထိခိုက် ​စေတယ်လို့ ​Zoe ​Daniel ​က ​ပြောပြ ​ပါတယ်။

ဆိပ်ငြိမ်နေတဲ့ ​မြို့မှာ ​ဗုဒ္ဓဘာသာ ​တရားရွတ်သံတွေ ​ကားနဲ့လှည့် ​ရွတ်ဆိုနေတာကို ​ကြားရတဲ့ ​အကြောင်း၊ ​ဘာသာရေး ​ညီညွတ်ဖို့ကြိုးပမ်းနေတဲ့ ​အဖွဲ့တဖွဲ့ ​ကလဲ၊ ​ညီညွတ် ​အေးချမ်းအောင် ​ဆောင်ရွက်ချက်တွေ ​လုပ်နေပေမဲ့ ​အခြေအနေက ​တင်းမာဆဲ ​ဖြစ်နေပြီး ​တဖက်နဲ့ ​တဖက် ​ယုံကြည်မှု ​ကင်းမဲ့ ​တဲ့အခြေအနေ ​ရှိနေတဲ့ ​အကြောင်း ​ဆက်ပြီး ​တင်ပြထားပါတယ်။

လားရှိုးမြို့ပဋိပက္ခမှာ ​ပါဝင်ခဲ့တဲ့ ​မွတ်စလင် ​တဦးကတော့ ​ဖမ်းဆီးရုံးတင် ​ပြစ်ဒါဏ်စီရင် ​ခံခဲ့ရပြီး၊ ​မွတ်စလင် ​နောက်ထပ် ​အယောက် ​၆၀ ​လောက်ကတော့ ​အကြမ်းဖက်မှုမှာ ​ပါဝင်မှု ​အပြင် ​တုတ်တွေ၊ ​ဓါးတွေ ​ကိုင်ဆောင်မှုနဲ့ ​ဖမ်းဆီး ​အရေးယူ ​ခံထားရပါတယ်။

ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ​ဗုဒ္ဓဘာသာဝင် ​တဦးမှ ​ဖမ်းဆီး ​အရေးယူတာ ​မရှိခဲ့တဲ့ ​အကြောင်း၊ ​မိတ္ထီလာမှာ ​အလားတူ ​အခြေအနေ ​နဲ့ ​ဖမ်းဆီး၊ ​ရုံးတင်အရေးယူ၊ ​တရားစီရင်ခြင်းခံရသူတွေ ​အားလုံးဟာ ​အစ္စလာမ် ​ဘာသာဝင်တွေသာ ​ဖြစ်ခဲ့တယ်လို့ ​ABC ​သတင်းထောက် ​Zoe ​Daniel ​က ​လားရှိုးမြို့ကနေ ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: