အာဗြာဟန်
ကယားပြည်နယ် မော်ချီးမြို့မှာ အစ္စလာမ်ဘာသာဝင်များနဲ့ ဘာသာဝင်မဟုတ်သူများအကြား ပဋိပက္ခဖြစ်ပွားအောင် သွေးထိုး လှုပ်ဆော်တဲ့ မင်္သကာသူတွေကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံအာဏာပိုင်တို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
"ပြဿနာဖြစ်အောင်လှုပ်ဆော်တဲ့သူ သွေးထိုးပေးတဲ့သူပေါ့ အဲလိုမျိုးတွေရှိလာတော့ ဘော်လခဲမှာ ရောက်နေပါတယ်။ ဒါဒီပြဿာကို ဒီလိုလုပ်ရမှာ လုပ်လုပ် ချချ ဖျက်ကွာ ဆိုတဲ့ မြောက်ပင့်ပေးတဲ့သူနဲ့ မင်္သကာတဲ့သူကို သူတို့အပိုင်းနဲ့သူတို့ စစ်ဆေးစရာရှိတာ စစ်ဆေးမယ်။ ခေါ်စရာရှိနေတာ ခေါ်တယ်။ အခုတော့ အားလုံးဘော်လခဲကို ရောက်နေတယ်။ စီစစ်ဖို့ မေးမြန်းဖို့ မလွှတ်လာကြသေးဘူး အရှင်းဆုံးပြောရရင်ဒါ ကျနော်ကြားရသလောက်ကတော့ ဥပဒေနဲ့ ရင်ဆိုင်ရအုံးမယ်"လို့ မော်ချီးမြို့က အာဏာပိုင်ရဲတွေနဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။
မေလ ၂၇ ရက်နေ့က မော်ချီးမြို့ ဇီးပင်ကွေ့ ရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင်များနဲ့ ဘာသာဝင်မဟုတ်တဲ့ သတ္တုတွင်းလုပ်သားများ ပဋိပက္ခ ဖြစ်ပွားပြီး မူဆလင်နေအိမ်ဆိုင်ခန်းများ ဖျက်စီးခံခဲ့ရပြီးနောက် ယခုလို ဖမ်းဆီးစစ်ဆေးမှုများ ရှိလာတာဖြစ်ပါတယ်။
မောချီးဒေသမှာ လူမျိုးဘာသာရေးတရပ်ကို ပဋိပက္ခဖြစ်စေနိုင်တဲ့ ဗွီဒီယိုခွေများ လူထုအကြားပြန့်နှံ့နေပြီး မူဆလင်အမျိုးသမီးတဦး စကားစနှောက်ရာကနေ ပဋိပက္ခ၊ ပြသာနာ စတင်ခဲ့ကြောင်း မော်ချီးမြို့ အုပ်ချုပ်ရေးမှူး ဦးစောသီဟဲက ပြောပါတယ်။
“ဒီမှာရှိတဲ့ကုလားဆိုင်တဆိုင်ကို ရိုက်ဖျက်ပြီး ကျေမွှကုန်တယ်။ ပစ္စည်းတွေ ဖရိုဖရဲဖြစ်ကုန်တယ်။ အဲဒါပြန်ဆင်းလာပြီးတော့ လိုခါးလိုလည်းရောက်ရော ကွက်သစ် အောင်ချမ်းသာမှာ ကုလားတွေရောင်းတဲ့ လမ်းဘေးဈေးဆိုင်လေးတွေကို တချို့နာရီရောင်းတယ်။ ခွေတွေရောင်းတယ်။ တချို့ ကြက် ၊ အမဲရောင်းတယ်။ ရိုက်ဖျက်တယ်။ ကျနော်ပြန်ဆင်းလာတာ မမှီလိုက်ပါဘူး။ အဲဒီကလိုက်တော့ အဲဒီရွာမှာ ရောက်လည်းရောက်ရော အဲဒီအိမ်တွေကို ဖျက်ပြီးကုန်ပြီး အဲဒီက မိန်းမနဲ့တူတယ်။ သူတို့ တယောက်နဲ့ တယောက် နှောက်ပြောင်ကြတယ် ပြောတာပဲ စစ်ချက် တွေ့ရှိတော့လေး ဟုတ်မဟုတ်ပြောတာပဲ၊ ဒီမှာရှိတဲ့ ဇီးဖြူကုန်းမှာ ဆိုင်အကြီးကြီးရောင်းတယ်။ တယောက်နဲ့ တယောက် နှောက်ပြောင်ကြတာပေါ့နော် ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲလိုပြောတာသည် ကျနော်တို့ သွားပြီးတော့ ရိုင်းပြလို့မရဘူး အထက်လူကြီးကို ပြောရမယ်။ ကျနော်ရှိတယ် ကျနော့်ကိုပြောရမယ်ပေါ့"
မော်ချီးမြို့မှာ သတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းရှိပြီး အနယ်အနယ်အရပ်ရပ်မှ ဘာသာစုံ လူမျိုးပေါင်းစုံတို့ကနေ စီးပွားရေးအရ လာရောက် လုပ်ကိုင်နေကြပါတယ်။ လက်ရှိ မော်ချီးဘက်မှ မူဆလင် လူမျိုးများအားလုံးကို အာဏာပိုင်များက ခေတ္တသိမ်းရှောင်ရန်အတွက် လွိုင်ကော်မြို့သို့ ပို့ဆောင်ထားပါတယ်။
မော်ချီးဘက်မှ ပဋိပက္ခဖြစ်ပွားပြီးနောက် ဒီးမော့ဆိုမြို့နဲ့ လွိုင်ကော်မြို့တို့မှာ လုံခြုံရေးရဲများက နေ့စဉ်ညစဉ် ကင်းလှည့်နေကြပြီး အုပ်ချုပ်ရေးမှူးများကလည်း လူငယ်များ ညအပြင်မထွက်ဖို့ အိမ်တိုင်းအိမ်တိုင်းတွင် သွားရောက် သတိပေးနေကြပါတယ်။

No comments:
Post a Comment