Tuesday, June 11, 2013

ဒေါ်စု သမ္မတဖြစ်လာနိုင်အောင် ဥပဒေပြောင်းပေးဖို့ အာဏာမရှိလို့ သမ္မတပြော

ABC

မြန်မာနိုင်ငံရဲ့ ​အခြေခံဖွဲ့စည်းပုံအခြေခံဥပဒေအရ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတဖြစ်မလာနိုင်အောင် ​တားဆီးထားတဲ့ ​ဥပဒေကို ​သူ့အနေနဲ့ ​ပြောင်းပေးဖို့ ​အာဏာမရှိဘူးလို့ ​သမ္မတ ​ဦးသိန်းစိန်က ​ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ​သွားရောက် ​သတင်းယူခဲ့တဲ့ ​အေဘီစီ ​သတင်းထောက်နဲ့ ​သီးသန့်တွေ့ဆုံမှုမှာ ​သမ္မတက ​ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေအရ ​နိုင်ငံခြားသား ​ခံယူထားတဲ့ ​သားသမီးတွေရှိသူတွေကို ​သမ္မတဖြစ်ခွင့်က ​ပိတ်ပင်ထားပြီး ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​သားနှစ်ယောက် ​စလုံးက ​နိုင်ငံခြားသား ​ဖြစ်နေတဲ့အတွက် ​အလိုအလျောက် ​သမ္မတဖြစ်ခွင့် ​မရနိုင်တာ ​ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က ​သူ့အနေနဲ့ ​ဒေါ်အောင်ဆန်းစုကြည် ​သမ္မတဖြစ်လာအောင် ​လုပ်ဆောင်လို့ ​မရဘူးလို့ ​ပြောလိုက်ပါတယ်။

ကျနော်တို့ ​ဒီ ​Constitution ​(ဖွဲ့စည်းပုံ ​အခြေခံဥပဒေ) ​မှာ ​ပြင်ဆင်နိုင်တဲ့ ​amendment ​တွေ ​ကျနော်တို့ ​ထည့်ပေးထားပါတယ်။ ​ဒီ ​constitution ​ဟာလည်း ​လူတွေ ​ရေးဆွဲတာ ​ဖြစ်တဲ့အတွက်ကြောင့် ​ပြင်လို့လည်း ​ရနိုင်တဲ့ ​အနေအထားမှာ ​ရှိပါတယ်။ ​တချို့နိုင်ငံတွေမှာလည်း ​constitution ​ကို ​အဆင့်ဆင့် ​ပြင်လာကြတာပါပဲ။ ​သို့သော်လည်း ​အောင်ဆန်းစုကြည် ​သမ္မတဖြစ်ရေး ​မဖြစ်ရေးဟာ ​တစ်အချက်ကတော့ ​သူ့ရဲ့ ​ဆန္ဒအပေါ် ​မူတည်ပါတယ်။ ​နောက်တစ်ခုက ​လွှတ်တော်မှာ ​ရှိနေတဲ့ ​လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ​ဆန္ဒအပေါ်မှာလည်း ​မူတည်ပါတယ်။ ​တတိယအချက်ကတော့ ​constitution ​ကို ​ကျနော်တို့ ​မဲနဲ့ ​ထည့်ပြီးတော့မှ ​အတည်ပြုပေးလိုက်တဲ့ ​မဲဆန္ဒရှင် ​ပြည်သူတွေရဲ့ ​ဆန္ဒပေါ်မှာလည်း ​မူတည်ပါတယ်။ ​လွှတ်တော်ကလည်း ​သဘောတူတယ်၊ ​ပြည်သူတွေကလည်း ​သဘောတူတယ်ဆိုရင် ​ကျနော့်အနေနဲ့ ​ဘာမှ ​ကန့်ကွက်စရာ ​အကြောင်းမရှိပါဘူး။

No comments: