Monday, June 10, 2013

Microsoft မြန်မာပြည် ဝင်မယ်

ABC

အမေရိကန်နိုင်ငံက ​ကွန်ပြုတာ ​အင်တာနက်လောကမှာ ​အဓိက ​လွှမ်းမိုးထားတဲ့ ​Microsoft ​ကုမ္ပဏီက ​မြန်မာနိုင်ငံ ​အိုင်တီကုမ္ပဏီနဲ့ ​ပူးပေါင်းပြီး ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံဖို့ ​တရားဝင် ​ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​၂၂ ​ကြိမ်မြောက် ​အရှေ့-အာရှဆိုင်ရာ ​ကမ္ဘာ့စီးပွားရေးညီလာခံအပြီးမှာ ​Microsoft ​ကုမ္ပဏီက ​ခုလို ​ကြေငြာခဲ့တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​တိုးတက်ဖွံ့ဖြိုးရေးမှာ ​အိုင်တီနည်းပညာရဲ့ ​အခန်းကဏ္ဍလည်း ​အရေးကြီးတဲ့ ​ကဏ္ဍမှာ ​ပါဝင်မယ်လို့ ​ယုံကြည်တဲ့အတွက် ​ခုလို ​မြန်မာနိုင်ငံကို ​ဝင်ရောက် ​ရတာ ​ဖြစ်တယ်လို့ ​ပြောကြောင်းလည်း ​သတင်းတွေမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြုပြင်ပြောင်းလဲမှု ​လမ်းစတွေကြောင့် ​နိုင်ငံတကာအစိုးရတွေ၊ ​နယ်ပယ်ပေါင်းစုံက ​ပညာရှင်တွေ၊ ​စီးပွားရှင်တွေ ​ရင်းနှီးမြုပ်နှံမှု ​လုပ်လိုကြပြီး ​မြန်မာအစိုးရကလည်း ​အိုင်တီနည်းပညာ ​ထွန်းကားဖို့ ​ကြိုးစားနေသလို ​တယ်လီဖုန်း ​ဆက်သွယ်ရေး ​ထွန်းကားဖို့လည်း ​ကြိုးစားတဲ့အနေနဲ့ ​တယ်လီဖုန်းဆက်သွယ်ရေးလိုင်စင် ​၂ ​ခု ​ချမှတ်ပေးဖို့ ​ရှိနေပါတယ်။

၂၀၁၅-၁၆ ​ခုနှစ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​တယ်လီဖုန်းအသုံးပြုမှုဟာ ​စုစုပေါင်း ​လူဦးရေရဲ့ ​၇၅%ကနေ ​၈၀% ​အထိရှိလာဖို့ ​အစိုးရက ​မျော်မှန်းထားကြောင်းလည်း ​သိရပါတယ်။

No comments: