ABC
မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မွတ်စလင်တွေအပေါ် အကြမ်းဖက်နေတာကို ရပ်တန့်ဖို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက တောင်းဆိုလိုက်ပါတယ်။
ဘုန်းတော်ကြီး ဒလိုင်းလားမားက အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ကျင်းပတဲ့ သူ့ရဲ့ ၇၉ နှစ် မြောက် မွေးနေ့ပွဲမှာ တောင်းဆို လိုက်တာ ဖြစ်ပါတယ်။
အဲဒီမွေးနေ့ပွဲကို လူပေါင်း ထောင်နဲ့ချီ တက်ရောက်ကြပြီး အဲဒီအထဲမှာ ဟောလိဝုဒ် ရုပ်ရှင် မင်းသား Richard Gere လည်း ပါဝင်ပါတယ်။
အဲဒီသြဝါဒ မိန့်ကြားမှု အတွင်း ဒလိုင်းလားမားက ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လူနည်းစု မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုတွေ မလုပ်ခင် ဗုဒ္ဓရဲ့ ရုပ်ပုံကို စိတ်ထဲမှာ ပုံဖော်ကြည့်စေ လိုကြောင်း၊ ဗုဒ္ဓမြတ်စွာ ဘုရားက ချစ်ခြင်းနဲ့ သနားညှာ တာစိတ်မွေးဖို့ သင်ကြားပေး ခဲ့သူဖြစ်ပြီး အခုအချိန်မှာသာ မြတ်စွာဘုရား သက်ရှိထင်ရှား ရှိမယ်ဆိုရင် တိုက်ခိုက် ခံနေရတဲ့ မွတ်စလင်တွေကို ဗုဒ္ဓမြတ်စွာဘုရားက ဝင်ရောက် ကာကွယ်မှုတွေ လုပ်မှာဖြစ်တယ်လို့ မြွက်ကြားခဲ့ပါတယ်။
အဲ့ဒါအပြင် ဆူနီစစ်သွေးကြွ အဖွဲ့တွေက သူတို့နဲ့ ယုံကြည်ခြင်း တူတဲ့ မွတ်စလင်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်တဲ့ အပေါ်မှာလည်း အံ့အားသင့် တုန်လှုပ်မိတယ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်နှောက်ပိုင်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို သီိရိလင်္ကာမှာလည်း အလားတူဖြစ်နေပြီး ပြီးခဲ့တဲ့ လက တိုက်ခိုက်မှုကြောင့် လူ လေးဦးသေဆုံးခဲ့ရသလို ရာနဲ့ချီတဲ့ မွတ်စလင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တွေ ဖျက်ဆီးခဲ့ရပါတယ်။

No comments:
Post a Comment