Wednesday, July 16, 2014

ကြံ့ခိုင်ရေးပါတီ ပါတီဝင်ပြန်လည်စိစစ်နေ

ရွှေရည်ဝင်းထက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မိမိတို့ ပါတီအတွင်းရှိ ပါတီဝင်များ၏ အသက်အရွယ်နှင့် သေဆုံးသွားသော ပါတီဝင်များ၏ စာရင်းများကို ပြန်လည်စိစစ်နေသည်ဟု ယင်းပါတီမှ ပါတီဝင်များက ပြောသည်။

“ရွေးကောက်ပွဲမှာ နိုင်ခြေနဲ့ သုံးသပ်လို့ ရတာပေါ့။ ပါတီတွင်းမှာ ပါတီဝင်အင်အား ဘယ်လောက်ဆိုတာလည်း သိမှ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်လို့ရမှာပါ"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ဟုဆိုကာ မိမိတို့ပါတီဝင်များအား ပါတီတွင်း သင်တန်းများ ပေးနေပြီဟုလည်း ဦးသာဝင်းက ဇူလိုင်၂ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံးအနေနှင့်ပြည်ခိုင်ဖြိုးပါတီဝင် ၃.၅ သန်းရှိကြောင်းကိုလည်း ဦးသာဝင်းကပြောကြားထားသည်။

No comments: