Monday, July 21, 2014

မန္တလေးပဋိပက္ခဖြစ်စေခဲ့တဲ့ မုဒိမ်းမှုဟာ လိမ်လည်မှုသာ ဖြစ်လို့ဆို

ABC

မန္တလေးမြို့က ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခကို ​ဖြစ်စေခဲ့တဲ့ ​မုဒိမ်းမှုဟာ ​မမှန်မကန် ​တဲ့ ​တိုင်တန်းမှု ​ဖြစ်တယ်လို့ ​တနင်္ဂနွေနေ့ထုတ် ​မြန်မာအစိုးရ ​သတင်းစာမှာ ​ဖော်ပြထားပါတယ်။

ဇူလိုင်လ ​၁ရက်နေ့က ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကြောင့် ​ဗုဒ္ဓဘာသာဝင် ​မြန်မာ ​အမျိုးသားတစ်ဦးနဲ့ ​မွတ်စလင် ​အမျိုးသား ​တစ်ဦး ​သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ​လူပေါင်း ​၂၀ ​ကျော်လည်း ​ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် ​အာဏာပိုင်တွေက ​ညမထွက်ရအမိန့်ပါ ​ထုတ်ပြန်ခဲ့ရပါတယ်။

ပဋိပက္ခဖြစ်ရတဲ့ ​အကြောင်းအရင်းကို ​ရဲတွေက ​စုံစမ်း ​စစ်ဆေးမှု ​တွေပြုလုပ်ပြီး ​နောက်ပိုင်း ​မှာတော့ ​အဲဒီ ​ဗုဒ္ဓဘာသာဝင် ​မြန်မာ ​အမျိုးသမီးဟာ ​မွတ်စလင် ​ညီအစ်ကို ​နှစ်ယောက်က ​သူ့ကို ​မုဒိမ်းကျင့် ​ခဲ့ကြောင်း ​လိမ်လည် ​တိုင်းတန်းဖို့ ​အတွက် ​ငွေပေး ​ခိုင်းစေ ​ခံခဲ့ရတယ်လို့ ​မြန်မာ့ ​အလင်း ​သတင်းစာမှာ ​ဖော်ပြထားပါတယ်။

မဖြူဖြူမင်း ​ဆိုတဲ့ ​ဗုဒ္ဓဘာသာဝင် ​မြန်မာ ​အမျိုးသမီးရဲ့ ​ဆေးစစ်ချက်ထဲမှာ ​မုဒိမ်းကျင့်ခံရတဲ့ ​အထောက် ​အထားတွေ ​မတွေ့ခဲ့ရဘူးလို့ ​ပြည်ထဲရေးဝန်ကြီးဌာနက ​ဆိုပါတယ်။

ဒါကြောင့်မို့ ​အဆိုပါ ​မွတ်စလင် ​အမျိုးသားနှစ်ဦးကို ​မုဒိမ်းမှုနဲ့ ​တရားစွဲဖို့အတွက် ​သူ့ကို ​ငွေပေးခိုင်းစေခဲ့တာဖြစ်တယ်လို့ ​မဖြူဖြူမင်းက ​၀န်ခံပြောဆိုခဲ့ပြီးတော့ ​အခုဆိုရင် ​မဖြူဖြူမင်းနဲ့အတူ ​သူမကို ​ငွေပေးပြီး ​လိမ်ပြောခိုင်းတဲ့ ​သူတွေထဲကတစ်ဦးကို ​ရဲတွေက ​ဖမ်းဆီးထားတယ်လို့ ​မြန်မာ့အလင်းသတင်းစာမှာ ​ဖော်ပြထားပါတယ်။

No comments: