Thursday, July 24, 2014

ကားက ဆိုက္ကားကိုဝင်တိုက်မိသဖြင့် အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ဖြိုးဝေလင်း

ယမုံနာလမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်းနှင်လာသည့် ကားတစ်စီးသည် အရှိန်လွန်ကာ ရှေ့မှ ဆိုက္ကားကို ၀င်တိုက်မိသဖြင့် ဆိုက္ကားပေါ်ပါ ခရီးသည်အမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၁၆ ရက်၊ နံနက် ၇ နာရီဝန်းကျင်က သာကေတမြို့နယ် အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ ယမုံနာလမ်းအတိုင်း အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် တိုယိုတာယာဉ်သည် ရန်ပြေမှတ် တိုင်အနီးတွင် အရှိန်လွန်ကာ အရှေ့မှသွားနေသည့် ဆိုက္ကားကို ၀င်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်ခံရသဖြင့် ဆိုက္ကားပေါ်တွင် စီးနင်းလာသူ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အခင်း ဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးသွားခဲ့ပြီး အသက်(၅၇)နှစ်အရွယ် အမျိုးသမီးနှင့် ဆိုက္ကားနင်းသူ အမျိုး သားတစ်ဦး ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုက္ကားပျက်စီးသွားခဲ့ပြီး ဒဏ်ရာရရှိသူနှစ်ဦးထဲတွင် အသက် (၅၇)နှစ်အရွယ် အမျိုး သမီးမှာ အသက် အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ အမျိုးသမီးကို အရေးယူပေးပါရန် ဒု-ရဲအုပ် ကျော်မင်း လွင်၏တရားလိုပြုတိုင်တန်းချက်ကို ဒေါပုံမြို့မရဲစခန်းကယာဉ်(ပ) ၃၆/၂၀၁၄၊ ပြစ်မှု ပုဒ်မ၃၀၄-က၊ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

No comments: