Mizzima
မန္တလေးမြို့တွင် ဘာသာရေးအသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားမှုများကြောင့် ပုဒ်မ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်တင်ဆောင်ရွက်မှု မပြုလုပ်နိုင်ဘဲ အဟန့်အတားဖြစ်နေသည်ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ဇူလိုင်၇တွင် မဇ္ဈိမကို ပြောသည်။
“မန္တလေးမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုမှာ အရှိန်တန့်သွားစေတယ်။ အရှိန်အဟုန်နဲ့ သွားနေတဲ့ ကာလမှာ နည်းနည်း အဟန့်အတား ဖြစ်သွားတယ်။ သိပ်ပြီး အရှိန်မြှင့်လို့ မရဘူး။ ပြဿနာဖြစ်နေတဲ့ အခြေအနေဆိုတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာပေါ့။ ကိုယ့်ဘက်က အရှိန်မြှင့်တင်မှုတွေ မလုပ်နိုင်တော့ဘူး။ ဥပမာ- ဇူလိုင်၃ ရက်က ပန်းရဲ့လမ်း အဖွဲ့နဲ့ ပုဒ်မ၄၃၆ ပြင်ဆင်ရေးလုပ်ရှားမှု အရှိန်မြှင့်ဖို့ လုပ်တာ အခြေအနေက ဒီလိုဖြစ်သွားတော မလုပ်လိုက်ရဘူး"ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။
ပုဒ်မ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉ဝရွေးကောက်ပွဲ နှစ်ပတ်လည်ဖြစ်သော မေ ၂၇မှ ဇူလိုင်၁၉ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိပြီး ပုဒ်မ၄၃၆ပြင်ဆင်ရေး ထောက်ခံလက်မှတ်ပေါင်း တိုင်းနှင့် ပြည်နယ်(၁၄)ခုတွင် သုံးသန်းကျော်ရရှိနေပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ဇွန် ၂၉ တွင် မဇ္ဈိမကို ပြောထားသည်။
မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဇူလိုင်လ ၃ ရက် ညနေပိုင်းမှစ၍ ည ၉ နာရီမှ မနက် ၅ နာရီ ညမထွက်ရအမိန့် (ပုဒ်မ၁၄၄) ကို ထုတ်ပြန်ခဲ့သည်။
No comments:
Post a Comment