DVB
မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားနိုင်တဲ့ အခြေအနေကနေ လွန်မြောက်သွားတဲ့ အနေအထားမှာ ရောက်နေပြီလို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
ယဉ်ကျေးမှုသမိုင်း အစဉ်အလာကြီးမားတဲ့ မန္တလေးမြို့တော်ကို အကျည်းတန် အရုပ်ဆိုးစေမယ့် အခြေအနေမျိုးမရောက်စေဖို့ ကာကွယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့သူမြို့ သားတွေ၊ မီဒီယာတွေ၊ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ၊ ဆ ရာတော် သံ ဃာတော်တွေ၊ ဘာ သာ ရေး ခေါင်းဆောင်တွေ ရဲ့ တာဝန်သိသိနဲ့ ပူးပေါင်းဆာင်ရွက်ပေးခဲ့တာကြောင့် ဒီနေ့အချိန်အခါမှာ တည်ငြိမ်မှုကို အတိုင်းအတာတခုအထိ ပြန်လည် ဆောင်ကြဉ်း ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေး တပ်ဖွဲ့ဝင်တွေကလည်း အခြေအနေကို ထိန်းသိမ်းဖို့ နေ့မအား ညမနား ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်ခဲ့တာကိုလည်း ချီးကျူးထားပါတယ်။
ဒါ့အပြင် အင်တာနက်ပေါ်မှာ သတင်းမှား ကောလာဟလများကို အသိစိတ်ဓာတ်နဲ့ တိုက်ဖျက်ခဲ့သူတွေ၊ မီဒီယာတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ တာဝန်သိ လူမှုကွန်ရက်အသုံးပြုသူများ ဖြစ်စေရေး ကူညီပံ့ပိုးနိုင်ဖို့ ကမ်းလှမ်းခဲ့ကြတဲ့ အမေရိကန် အခြေစိုက် Facebook မှ တာဝန်ရှိသူများ၊ Silicon Valley က သက်ဆိုင်သူများကိုလည်း အသိအမှတ်ပြုထားပါတယ်။
လောလောဆယ်မှာ မန္တလးတိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာ ည ၉ နာရီကနေ မနက် ၅ နာရီအချိန်ထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

No comments:
Post a Comment