Sunday, July 6, 2014

ဂျွန်းဗလီဝင်းအတွင်း ဓား၊ သံတုတ်စသည့် လက်နက်များနှင့်အတူ လူငါဦးကို ဖမ်းဆီး

မျိုးသန့်

မန္တလေးမြို့ ၂၇လမ်းနှင့် ၂၈လမ်းကြား၊ ၈၁လမ်းနှင့် ၈၂လမ်းကြားရှိ ဂျွန်းဗလီဝင်းအတွင်း ဓား၊ သံတုတ်၊ သံဆူးချွန် စသည့် လက်နက်များနှင့်အတူ လူငါးဦးကို ဇူလိုင်လ ၄ရက် ညနေ ၅နာရီခွဲက ဖမ်းဆီးလိုက်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်သည်။

ဂျွန်းဗလီအတွင်း တရားခံပြေးနှစ်ဦး ပုန်းအောင်းနေသည်ဟု သတင်းရ၍ ရဲတပ်ဖွဲ့များက ဝင်ရောက်ရှာဖွေရာမှ ဗလီအတွင်း သန့်ရှင်းရေးလုပ်သူ အပါအဝင်ဗလီတွင် နေထိုင်သူ ချစ်ဦး၊ ကျော်မင်းလွင်၊ မြတ်ကို၊ ဇော်ဝင်းထူး၊ ခင်မောင်ထူးတို့ ငါးဦးကို ဖမ်းမိခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများထဲတွင် ဓား၊ သံတုတ်၊ သံဆူးချွန်၊ ခက်ရင်းခွ၊ မိန်း၊ သံလွန်းသွား၊ သစ်သားတုတ်၊ ကျောက်ခဲ၊ လေးခွ၊ ကုန်းသီးများကို ဖမ်းဆီး ရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

No comments: