ထင်လင်းအောင်
ငွေကြေးခ၀ါချမှုများအပေါ် တိုက်ဖျက်ရေးအတွက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ဘဏ်အပါအ၀င် စီးပွား ရေးနယ်ပယ် အသီးသီးမှ သတင်းပေးပို့ နည်းလမ်း များဖြင့် ဆောင်ရွက်မည့် ခြေလှမ်းများကို စတင်လျက်ရှိ နေပြီဟု ငွေကြေးခ၀ါ ချမှုတိုက်ဖျက် ရေးဗဟိုအဖွဲ့ (FIU) မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကျော်ဝင်း သိန်းက မီဒီယာများကို ပြောသည်။
ယင်းအတွက် သတင်းပေးပို့ရန် ပျက် ကွက်သူများကိုလည်း အရေးယူသွားမည်ဖြစ်သည် ဟု သြဂုတ်လ ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ် ရုံး UMFCCI တွင် ကျင်းပသော ငွေကြေးခ၀ါချမှုတိုက် ဖျက်ရေးဥပဒေဆွေးနွေးပွဲတွင် ပြောသည်။
ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကျော်ဝင်းသိန်း က “အခုလုပ်မယ့် အစီအစဉ်တွေမှာ ဘဏ်အပါအ၀င် စီးပွား ရေးအဖွဲ့ အစည်းအသီးသီးက ငွေကြေးခ၀ါချမှုြ ဖစ်နိုင်ခြေရှိတယ်လို့ သံသယဖြစ်ရင် သတင်းပေးပို့ရမှာ ဖြစ်ပါတယ်။ သတင်း ပေးပို့ရန်ပျက်ကွက်တဲ့ ဘဏ်နဲ့စီးပွားရေးအဖွဲ့ အစည်းတွေအပြင် အစိုးရ၀န်ထမ်း ၊ ပုဂ္ဂလိက တွေကိုလည်း ထောင်ဒဏ် ငွေဒဏ် ချမှတ်တဲ့ပုံစံနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမှာပါ ” ဟု ပြောသည်။
၂၀၀၂ ခုနှစ် ငွေကြေးခ၀ါချမှုတိုက် ဖျက်ရေးဥပဒေပြဋ္ဌာန်းပြီးခဲ့သည်မှ ယခု ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်တွင် အသစ် ထပ်မံပြဋ္ဌာန်းလိုက်သည့် ကြားကာလများ အတွင်း ငွေကြေးခ၀ါချသည့် အမှုတွဲပေါင်း ၇၃ တွဲကျော် ရှိကာ ငွေပမာဏအားဖြင့် ဒေါ်လာသန်း ၂၀၀ ကျော်ရှိခဲ့သည်ဟု ဆိုသည်။ ယင်းအနက် အမှုတွဲ ငါးခု မှာမူ ဆက်လက်စုံစမ်းဆဲ အမှုများအဖြစ် ရှိနေဆဲဖြစ်သည်ဟု ငွေကြေးခ၀ါချမှုတိုက်ဖျက် ရေးဗဟိုအဖွဲ့မှ ဒု-ရဲမှူး ဦးမြင့်စိုးက ပြောသည်။
သတင်းပေးပို့ရမည့် အဖွဲ့အစည်းများတွင် ဘဏ်လုပ်ငန်းများ၊ ကျောက်မျက် ရောင်းဝယ်ရေးလုပ်ငန်းများ၊ အိမ်ခြံမြေ အကျိုးဆောင်များ၊ အာမခံလုပ်ငန်း များနှင့် အခြားငွေကြေးနှင့် ဆက်စပ်သောစီးပွား ရေးလုပ်ငန်း များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့ အစည်းများအားလုံးပါဝင်သည်ဟု ၎င်းတို့ က ပြောသည်။
ငွေကြေးခ၀ါချသည့် နည်းလမ်းများတွင် နိုင်ငံတကာမှ ချေးငွေများကို အတိုး သက်သာစွာရယူကာ ပြည် တွင်း ဘဏ်များတွင် ပြန်လည်အပ်နှံပြီး အပ်ငွေအ တိုးနှုန်း ရှစ် မှ ၁၀ ရာခိုင်နှုန်းအကြား ပြန်လည်ရယူ သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေခြင်းများလည်း ရှိသည်ဟု မြန်မာနိုင်ငံကုန် သည်/ စက်မှုအသင်း ချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က မီဒီယာများကို ပြောသည်။
ထို့အပြင် ပြည်တွင်း၌ ထုတ်ကုန်ပစ္စည်း တစ်ခုကို ထုတ်လုပ်ကာ ရုပ်သံလိုင်းများတွင် ကြော်ငြာခငွေ အမြောက်အမြားသုံး၍ အခြားတရားမ၀င်နည်းလမ်းများ မှရရှိ သည့်ငွေများကိုလည်း ယင်းထုတ်ကုန်မှ ရရှိ သည့် ၀င်ငွေလမ်းကြောင်းများအဖြစ် ဆောင်ရွက်နေသည့် ငွေကြေးခ၀ါချမှု ပုံစံများမှာလည်း မြန်မာနိုင်ငံ တွင် အမြောက်အမြား ဖြစ်ပေါ်နေလျက်ရှိသည်ဟု အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက မဇ်္ဈိမ မီဒီယာကို ပြောသည်။
ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးကျော်ဝင်းသိန်း က “ ဒီလို ငွေကြေးခ၀ါချမှု အမျိုးမျိုးကိုလည်း စုံစမ်းနိုင်ဖို့အ တွက် သတင်းပေးအဖွဲ့ အစည်းတွေကပဲ ဆောင်ရွ က်ရမှာပါ။ တစ်ခုရှိတာက ဥပဒေထုတ်ပြန်ပြီး စုံစမ်း ရေးအဖွဲ့ ဖွဲ့ပြီးရုံနဲ့တော့ ငွေကြေးခ၀ါချတာတွေ ချက်ချင်းကြီးပျောက်သွားမှာတော့ မဟုတ်ဘူး။ ငွေကြေး ခ၀ါချမှုကို ကိုင်တွယ်တဲ့အခါမှာ ဘဏ်တွေပြိုလဲသွားနိုင်တယ်။ အဲဒီတော့ တစ်ဆင့်ချင်းသွားရမယ့် ကိစ္စ လည်းဖြစ်ပါတယ် ” ဟု ပြောသည်။
အဆိုပါ ဥပဒေဖြင့် ငွေကြေး ခ၀ါချမှုများကို စနစ်တကျကြပ်မတ် ဆောင်ရွက်နိုင်ရန် နည်းဥပဒေတစ်ရပ် ကိုလည်း မကြာမီကာလအတွင်းထွက်ရှိလာ ရန် ဆောင်ရွက်နေလျက်ရှိသည်ဟု ၎င်းတို့ကဆိုသည်။
၂၀၁၄ ခုနှစ် မတ် ၁၄ ရက်က ပြဋ္ဌာန်းလိုက်သည့် ငွေကြေး ခ၀ါချမှုဥပဒေတွင်မူ ခ၀ါချကြောင်းထင်ရှားသူ ကို ခ၀ါချငွေ ကြေးနှင့်ဆင့်ပွားငွေကြေးကို ပြည်သူ ပိုင် အဖြစ်သိမ်းဆည်းသည့်အပြင် ထောင်ဒဏ် ခုနစ် နှစ် အထိနှင့် ဒဏ်ငွေကျပ်သန်း၅၀၀ အထိ ကျသင့်စေရန် ပါဝင်သည်။ သတင်း ပေးပို့ရန် ပျက်ကွက်ခြင်း နှင့် ဖောက်ဖျက် ကျူးလွန်သူများကိုမူ ထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ်အထိနှင့် ငွေဒဏ်ကျပ် သန်း ၁၀၀ အထိ အရေးယူနိုင်သည်ဟု ပါဝင်သည
No comments:
Post a Comment