Monday, August 4, 2014

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဒီလကုန်မှာ မြန်မာနိုင်ငံကို လာမယ်

ABC

အမေရိကန် ​နိုင်ငံခြားရေး ​၀န်ကြီး ​John ​Kerry ​က ​ဒီလလောက်ကုန်လောက်မှာ ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ ​ရှိတယ်လို့ ​အမေရိကန် ​နိုင်ငံခြားရေး ​၀န်ကြီးဌာနက ​ပြောပါတယ်။

အမေရိကန် ​နိုင်ငံခြားရေး ​၀န်ကြီးဌာနရဲ့ ​စနေနေ့ ​ထုတ်ပြန်ချက်ထဲမှာ ​နိုင်ငံခြားရေး ​၀န်ကြီး ​John ​Kerry ​အနေနဲ့ ​မြန်မာနိုင်ငံ ​အပြင် ​သြစတြေးလျ ​နိုင်ငံနဲ့ ​Solomon ​Islands ​တို့ကိုလည်း ​သွားရောက်ဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

အမေရိကန် ​နိုင်ငံခြားရေးဝန်ကြီးရဲ့ ​လာမယ့် ​သုံးနိုင်ငံ ​ခရီးစဉ်ဟာ ​သြဂုတ်လ ​၈ရက်နေ့ ​ကနေ ​၁၃ ​ရက်အထိ ​ကြာမှာဖြစ်ပါတယ်။

မြန်မာ ​နိုင်င်ငံ ​ကိုတော့ ​သြဂုတ်လ ​၈ရက်နေ့မှာ ​ရောက်ရှိမှာ ​ဖြစ်ပြီး ​သြဂုတ်လ ​၉ရက်နေ့မှာတော့ ​အစိုးရ ​အဆင့်မြင့် ​အရာရှိတွေနဲ့ ​နေပြည်မှာ ​တွေ့ဆုံဖို့ရှိသလို ​အရှေ့တောင် ​အာရှနိုင်ငံများ ​အသင်း ​အာဆီယံ ​ဒေသတွင်း ​ညီလာခံကိုလည်း ​တက်ရောက်ဖို့ရှိပါတယ်။

ဒီလာမယ့်ခရီးစဉ်ဟာ ​အာရှနဲ့ ​အမေရိကန် ​နိုင်ငံအကြား ​ဆက်ဆံရေး ​ပိုမိုကောင်းမွန်ဖို့အပါအ၀င်၊ ​ဒေသတွင်း ​ငြိမ်းချမ်းရေး၊ ​တည်ငြိမ်မှုနဲ့ ​ကြီးပွား ​ချမ်းသာမှုတွေအတွက် ​ဖြစ်တယ်လို့ ​အမေရိကန် ​နိုင်ငံခြားရေးဌာနက ​ပြောခွင့်ရ ​ပုဂ္ဂိုလ် ​Jen ​Psaki ​က ​ပြောပါတယ်။

မြန်မာနိုင်ငံ ​ခရီးစဉ်ပြီးရင်တော့ ​သြစတြေးလျ ​နိုင်ငံ ​ဆစ်ဒနီမြို့ကို ​သြဂုတ်လ ​၁၁ရက်နေ့မှာ ​ရောက်ရှိမှာဖြစ်ပြီး ​သြဂုတ်လ ​၁၃ ​ရက်နေ့မှာတော့ ​Solomon ​Islands ​ရဲ့ ​မြို့တော် ​Honiara ​ကို ​သွားရောက်မှာဖြစ်ပါတယ်။

No comments: