Friday, November 25, 2016

မန္တလေးမြို့ရှိ ဈေးဝယ် စင်တာများနှင့် Super Market များတွင် ပေါက်ကွဲမှုမဖြစ်ပွားစေရန် ပုဂ္ဂလိက လုံခြုံရေးဝန် ထမ်းများ လုံခြုံရေးဂရုစိုက်ရန်လိုအပ်

အောင်ကိုဦး

ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၀ ရက်နေ့က Capital Hypermarket တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် မန္တလေးမြို့ တွင် အလားတူအဖြစ်မျိုး မဖြစ်ပွားစေရန် ဈေးဝယ်စင်တာများ၊ Super Market များတွင် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းများအနေဖြင့် လုံခြုံရေးကို ဂရုတစိုက်ဆောင်ရွက်ရန်လိုအပ်သည်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်းက ပြောကြားလိုက်သည်။

မန္တလေးမြို့ရှိ ဈေးဝယ်စင်တာများ၊ Super Market များတွင် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း များအနေဖြင့် လူ ၊ပစ္စည်း၊ ဝင်ထွက်မှုနှင့် ပတ်သက်၍ လုံခြုံရေးစောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းမှ စတင်၍ နိုင်ဘာလ ၂၄ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး ရဲသူရိန် ခန်းမတွင် အသိပညာပေးဟောပြောမှုများ ပြုလုပ်လျှက်ရှိသည်။

တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်း က"စင်တာတွေ၊မတ်ကက်တွေထဲဝင်လာတဲ့လူတွေကို စောင့်ကြည်တာတွေ၊ မသင်္ကာတဲ့ သူတွေကို စစ်ဆေးတာတွေ သေချာလုပ်ရပါမယ် "ဟု ပြောသည်။

ဈေးဝယ်စင်တာများ၊ Super Market များရှိ CCTV ကင်မရာများကိုလည်း စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန်လိုအပ် ပြီး ပြည်သူလူထုအနေဖြင့် မသင်္ကာစရာအထုတ်များ၊ လူများတွေ့ရှိပါက လုံခြုံရေးဝန်ထမ်းများကို ချက်ခြင်း အကြောင်း ကြား ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့အနေဖြင့်လည်း မြို့ဝင်၊မြို့ထွက် ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် လုံခြုံရေး များ တိုးမြင့်ချထားကြောင်း သိရသည်။

No comments: