Wednesday, June 15, 2011

တာပိန်ရေကာတာသို့ ဆက်သွယ်ပေးသော အဓိကတံတား KIA ဖျက်ဆီး

KNG

မန်မာစစ်တပ်နှင့် KIA တပ်ရင်း ၁၅ ကြား စစ်ဖြစ်ပွားနေသည့် အင်မောက်မြို့နယ် တာခေါခ (တာပိန်မြစ်) ရေကာတာ ၂ခုရှိရာသို့ အဓိကဆက်သွယ်ပေးသော နမ်ဖတ်ခချောင်း တံတားအား ဇွန် ၁၃၊ ယမန်နေ့ တနင်္လာညက KIA ဗုံးခွဲဖျက်ဆီးလိုက်သည်။

ဤ တံတားသည် အင်မောက် (မိုးမောက်)နှင့် မြို့သစ် ကြားတွင် ရှိပါတယ်။

တောင်ကျချောင်းဖြစ်တဲ့အတွက် ခုချိန် မှာ ရေတအားကြီးနေတယ်။ ခြေကျင်ဖြတ်လို့မရဘူး။ ၀ါးဖောင်နဲ့လည်းဖြတ်လို့မရဘူး။ တာပိန်မြစ်ရေအားလျှပ်စစ်ဆောက်တုန်းက ကုမ္ပဏီတွေလုပ်ထားတဲ့တံတား ကားဖြတ်လို့ရတဲ့တံတား ယာယီတံတားမျိုးဖြစ်တယ်” ဟု လိုင်ဇာမှ KIO အရပ်ဘက်အုပ်ချုပ်ရေးအရာရှိတစ်ဦး ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

တံတားကျိုးပြတ်သွားကြောင့် အစိုးရတပ်များ၏ သယ်ယူပို့ဆောင်ရေး ခက်ခဲနေကြောင်း သိရသည်။

No comments: