Tuesday, April 3, 2012

ALP ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ကျောက်တော်တွင် သောင်းသောင်းဖြဖြ ကြိုဆို

မြန်မာ နိုင်ငံ ပြည်ထောင်စု အစိုးရ အဖွဲ့ ငြိမ်း ချမ်း ရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း ဖိတ်ကြား ချက်အရ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ တွဲဖက် အတွင်း ရေးမှူး(၂) ခိုင်သုခ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည်၊ မနေ့(၂-၄-၁၂) နံနက် (၈) နာရီ အချိန်တွင် ချင်းပြည်နယ် ပလက်ဝ မြို့မှ ထွက်ခွါ လာရာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ဆိပ်ကမ်းသို့ (၁နာရီ ၅၀မိနစ်) ခန့်တွင် ရေယာဉ်ဖြင့် ရောက်ရှိလာ ခဲ့သည်။

ကျောက်တော်မြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီမှ ဦးဆောင်ပြီး ကျောက်တော်မြို့ လူထု ၃၀ ၀၀ (သုံးထောင်)ခန့် သောင်း သောင်းဖြဖြလိုက်လွဲ စွာကြိုဆိုခဲ့ကြသည်။ ရခိုင်ပြည် လွတ်မြောက် ရေးပါတီ လိုအင်ဆန္ဒပြည့်ဝပါစီဟု ရေးသားထားသောစာတမ်း လည်း ကိုင်ဆောင် ထားကြကြောင်း သိရှိရ သည်။

မနေ့ (၂-၄-၁၂)တွင် ကြိုဆိုရန် ပြုလုပ် ထားသော စစ်တွေမြို့ပေါ်ရှိ လူထုများမှာလည်း ရန်ကုန်မှထွက်ခွါလာမည့် ကိုယ်စားလှယ်များ ခရီးစဉ် ရွှေပြောင်းလိုက်ရကြောင်း သိရှိရသဖြင့် ကြိုဆို မည့် အစီအစဉ်လည်း နောက်ဆုတ်လိုက်ရကြောင်း သိရှိလိုက်ရသည်။

ယနေ့နံနက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်းရေး အဖွဲ့သည် ရခိုင် တိုင်းရင်း သားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးလှစော ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်းတို့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

No comments: