Wednesday, April 11, 2012

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အစိုးရတို့ ပဲခူးတိုင်းတွင် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့

နန်းဖော့ဂေ (ကေအိုင်စီ)

ကေအဲန်ယူ အထွေထွေ အတွင်း ရေးမှူး နော်စီဖိုး ရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ သည် မနေ့ မနက် ၉နာရီမှ ၁၁နာရီကျော် အထိ ပဲခူး မြို့ရှိ ရွှေဝါထွန်း ဟိုတယ်တွင် ပဲခူးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီး အချို့နှင့် တိုင်းအဆင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သည်။

ယခု တွေ့ဆုံ ဆွေးနွေး မှုတွင် အစိုးရ ဘက်မှ ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စက်မှု ဝန်ကြီး ဦးစိုး သိန်း၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပဲ ခူးတိုင်း ဒေသကြီး နယ်စပ် ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း အပါအဝင် တောင်ပိုင်းတိုင်း တိုင်းမှူး၊ တရား ဥပဒေ ချုပ်နှင့် အခြား အကျိုး တော်ဆောင် ပုဂ္ဂိုလ်များ တက်ရောက် ခဲ့သည်။

ကေအဲန်ယူ ဘက်မှ အတွင်း ရေးမှူး ချုပ် နော်စီဖိုး ရာစိန်၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး၊ ဗိုလ်မှူးကြီး မိုးဖြူ၊ ဗိုလ်မှူးချုပ် အယ် ကလူသိန်း၊ ဗိုလ်မှူး ထူးထူးလေး၊ နော်မေဦး၊ ပဒိုစော အားတိုး၊ ပဒို စော သောသီဘွဲ၊ နော်ဘလူး မေးနိုက်ဇံ၊ ပဒိုစောတာ ဒိုမူးနှင့် စော အောင် ဝင်းရွှေတို့ တက်ရောက် ခဲ့သည်။

ထိုဆွေးနွေးပွဲတွင် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအတွက် ဆက်လက် လုပ်ဆောင်ရ မည့် အချက်များကိုဆွေး နွေးခဲ့ကြသလို နှစ်ဖက်တပ်များ၏ နေရာများကို အတိအကျ သတ်မှတ်ဖို့နှင့် ယမန်နေ့က ဖွင့်လှစ်လိုက်သည့် ပဲခူးတိုင်း ဆက် ဆံရေး ရုံးတွင် တာဝန်ယူ အလုပ်လုပ်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် သြဇာအာဏာရှိပြီး အရည်အချင်းပြည့်ဝသည့်ကိုယ်စားလှယ် များကို ရွေး ချယ်ထား ရန်အတွက် နှစ်ဦး နှစ်ဖက် အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပြုလုပ်သည့် ယနေ့ဆွေးနွေးပွဲတွင် ရန်ကုန်မြို့မှ အမေရိကန် အထက် လွတ်တော် အမတ်နှင့်အဖွဲ့ အ စည်းအဝေးပြုလုပ်စဉ် လာရောက်လေ့လာခဲ့သလို ထိုအစည်း အဝေး ပြီး ၁၁နာရီခွဲခန့်တွင် အဆိုပါ အမေရိကန် အထက် လွှတ်တော် အမတ် အဖွဲ့သည် ကေအဲန်ယူ ငြိမ်းချမ်း ရေးကိုယ်စား လှယ်များနှင့် ၁၅မိနှစ်ကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံ ဆွေးနွေး ရာတွင် အမေရိကန် လွှတ်တော် အမတ် အဖွဲ့ ဘက်မှ ယခု အစိုးရနှင့် တွေ့ဆုံ မှုတွင် ဘယ်လောက် အထိ အားရ ကျေနပ်မှုရှိကြောင်းကို မေးမြန်း ခဲ့သလို ကေအဲန်ယူ ဘက်မှလည်း ယခု လက် ရှိ အ ချိန်တွင် အားရ ကျေနပ် ကြောင်းနှင့် ပဋိပက္ခ ဖြစ် ပွားသည့် ဒေသများ အတွင်းရှိ လူထုများ၊ ဌာနေမဲ့ ပြည် သူများ၏ အခြေ အနေ များကို ပြန်လည် ဆွေးနွေး တင်ပြ ခဲ့သည်။

No comments: