Wednesday, April 11, 2012

ဆူနာမီသတင်း​ တင်ပြချက်

ဒီဗွီဘီ

မြန်မာအလုပ်သမား​များ​အ​ခြေအ​နေနှင့်​ပတ်သက်ပြီး​ ​မေး​မြန်း​ချက်

မြန်မာ ပြည်က ​ရွေ့​ပြောင်း ​အလုပ် သမား​တွေ သိန်း​ချီ ရှိ​နေတဲ့​ ထိုင်း​ နိုင်ငံ အ​နောက်ဘက် ပင်လယ် ကမ်း​ခြေ​ ဒေသက ခရိုင် ၆ခုမှာဆူနာ မီ လှိုင်း​တွေ ဝင်​ရောက် နိုင်လို့​ လူ​တွေကို ​ဘေး​ကင်း​ရာ ​နေရာ​တွေကို ​ရွှေ့​ပြောင်း ​ကြဖို့​ ထိုင်း​ နိုင်ငံက သဘာဝ​ ဘေး​အန္တရာယ် သတိ​ပေး ​ဌာနက ညွန်ကြား​ချက် ထုတ်ပြန် ထား​ပါတယ်။

ထိုင်း​နိုင်ငံ​ တောင်ပိုင်း​ ဖန်ငခရိုင် ​ခေါင်လတ် ကမ်း​ခြေမှာ ရှိ​နေတဲ့​ အလုပ်သမား​ အကူအညီ​ပေး​ရေး​ (Grassroot HRE) အဖွဲ့​က ညွန့်​ကြား​ရေး​မှူး​ ဦး​ထူး​ချစ်ကို ထိုင်း​စံ​တော်ချိန် ၆ နာရီမှာ ​(မြန်မာစံ​တော်ချိန် ၆ နာရီ ၃၀ မိနစ်) မေး​မြန်း​ထား​ပါတယ်။

“အဓိက​တော့​ ဖန်ငကို ဝင်မယ်ဆို​တော့​ ကျ​နော်တို့​ဖန်ငကလည်း​ ၂၀၀၄ ခုနှစ်က ဆူနာမီဖြစ်တဲ့​ထဲမှာအြကီး​မား​ဆုံး​သေတယ်ဆို​တော့​ဒေသခံ ထိုင်း​ လူမျိုး​တွေ၊​ ဧည့်​သည် နိုင်ငံခြား​ သား​တွေ၊​ ​ရွှေ့​ပြောင်း​မြန်မာအလုပ်သမား​တွေကို ​ဘေး​ကင်း​ရာ​ပေါ့​၊​ အ​တွေ့​အြကုံရှိထား​တော့​ ​ရှောင်ပြီး​တော့​ ​တောင်ကုန်း​မြင့်​တဲ့​ ​နေရာ​တွေမှာ လိုက်​ပြေး​နေရတယ်။”

ဘေး​ကင်း​ရာဆိုတာ ဘယ်လို​နေရာမျိုး​တွေရှိလဲ။

“အဓိက​တော့​ ​ဘေး​ကင်း​ရာဆိုတာ ​တောင်နဲ့​နီး​တဲ့​နေရာ၊​ ပင်လယ်နဲ့​ဝေး​တဲ့​နေရာ၊​ ​နောက်တခုကလည်း​ အ​တွေ့​အြကုံအရ ဆူနာမီနဲ့​ ပတ်သက်ပြီး​ လှုံ့​ဆော်​ပေး​တဲ့​အဖွဲ့​တွေကလည်း​ ဘယ်နား​က အဆင်​ပြေနိုင်တယ်ဆိုတာမျိုး​၊​ အ​ဆောက်အဦး​တွေ​ပေါ့​၊​ ​ကျောင်း​တွေ၊​ ဥပမာ ကျ​နော်တို့​ဆိုရင် မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေက ကျ​နော်တို့​ရဲ့​ စာသင်​ကျောင်း​တွေမှာ လာ​နြေကတယ်။ သက်ဆိုင်ရာ ကျ​နော်တို့​ရဲ့​ ရုံး​ကား​တွေနဲ့​ အကုန်လုံး​သွား​စောင့်​ပေး​နေရတာ၊​ လိုအပ်တာ​တွေ လိုက်​ပြော​ပေး​နေရတာ​တွေ လုပ်တာ​ပေါ့​။ ဒါ​ပေမယ့်​ အ​ကြောက်မလွန်ဖို့​တော့​ အ​ရေး​ကြီး​တယ်။ ဒီ​နေ့​က ​ဈေး​နေ့​ဆို​ပေမယ့်​ လူ​တွေက မရှိ​တော့​ဘူး​။ အကုန်လုံး​ပြေး​လွှား​ကြရင်း​ ​ဈေး​လည်း​ပိတ်သွား​ပြီ။”

ဒေသမီဒီယာ​တွေက ​ရေဒီယို​တွေ၊​ အက်ဖ်အမ်​တွေက အသိ​ပေး​နေတာ ရှိလား​။ သိ​ကောသိကြရဲ့​လား​။

“ပြဿနာက ဒီမှာ ကျန်တဲ့​ဘာသာ​ပေါင်း​ ၁၀ ​ကျော်​လောက်နဲ့​ သူတို့​ဆူနာမီနဲ့​ ပတ်သက်ပြီး​တော့​ အသိ​ပေး​မှု၊​ လှုံ့​ဆော်မှု​တွေလုပ်တယ်။ သူတို့​ရဲ့​ အ​ရေး​ပေါ်လိုင်း​လည်း​ သတ်မှတ်​ပေး​ထား​တယ်။ ၁၇၈၄ ဆို တာ အချိန်မ​ရွေး​ ​မေး​လို့​ရတယ်။ ဒါ​ပေမယ့်​ ပြဿနာက ကျန်တဲ့​ဘာသာစကား​တွေ ရှိ​ပေမယ့်​ မြန်မာဘာသာစကား​ မပါဘူး​။ မြန်မာအလုပ်သမား​တွေ အ​နေနဲ့​တော့​ အခက်အခဲရှိတာ​ပေါ့​။”

အခု ကိုထူး​ချစ်​ရောက်​နေတဲ့​ ​နေရာမှာ ရှိသမျှ အလုပ်​တွေ မြန်မာအလုပ်သမား​တွေ လုပ်​နေတဲ့​ အလုပ်​တွေ​ကော ရပ်ထား​တဲ့​ အ​ခြေအ​နေ ​တွေ့​ရလား​။

“လုပ်ငန်း​ရှင်​တွေကိုယ်တိုင်လည်း​ စိုး​ရိမ်တယ်။ သူတို့​စုဖွဲ့​ပြီး​တော့​ လမ်း​ဘေး​တွေ လမ်း​မ​တွေမှာ ကား​တွေရပ်ပြီး​တော့​ အဆင်သင့်​ ပြင်​နြေကတယ်။ ပင်လယ်ကမ်း​ခြေမှာရှိတဲ့​ စား​သောက်ဆိုင် လုပ်ငန်း​တို့​၊​ တချို့​ပန်း​ရန်​တွေလုပ်​နေတဲ့​ လူ​တွေ၊​ တည်း​ခိုခန်း​မှာ လုပ်​နေတဲ့​ မြန်မာ၊​ ထိုင်း​အလုပ်သမား​တွေ​ကော ​ဘေး​လွတ်ရာကို ​ရှောင်​နြေကတယ်။”

မီဒီယာ​တွေက ​ပြောတာက ဆူနာမီသတိ​ပေး​ချက် ​ပေး​ထား​ပြီး​ပြီလား​။

“​ပေး​ထား​ပြီး​ပြီ။ ကျ​နော်တို့​ ဒီ​နေ့​ ၃ နာရီ ၄၀ ​လောက်က စ​ပြောတယ်။ ပြင်ဆင်ဖို့​၊​ မြင့်​တဲ့​နေရာမှာ ​ဘေး​လွတ်ရာမှာ သွား​ဖို့​ဆိုတာမျိုး​၊​ အခုကလည်း​ ​တောက်​လျှောက် အချိန်ပြည့်​သတင်း​က​တော့​ ​ကြေညာ​ပေး​နေတာရှိတယ်။ ထိုင်း​ဘာသာစကား​နဲ့​။”

ဗမာ​တွေက သယ်ယူပို့​ဆောင်​ရေး​က အစစအရာရာ ဘယ်လို​တွေ့​ရလဲ၊​ အဆင်​ပြေနိုင်လား​။

“အဓိက​တော့​ သူတို့​က ထိုင်း​ဘာသာစကား​ကို သိပ်မတတ်​တော့​ သူတို့​ရဲ့​ သူ​ဌေး​တွေ၊​ သူတို့​ရဲ့​လုပ်​ဖော်ကိုင်ဖက် ထိုင်း​တွေက ​ပြောတဲ့​ပုံစံမျိုး​မှာ လိုက်ပြီး​ပြေး​ရှောင်​နေတာ​တွေရှိတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​အဖွဲ့​အစည်း​နဲ့​ နီး​စပ်တဲ့​ မြန်မာအုပ်စုမှာ​တော့​ကျ​နော်တို့​ကိုယ်တိုင် က အ​ကြောင်း​ကြား​ပြီး​တော့​ တတ်နိုင်သမျှ ​ရှောင်​နေဖို့​ လက်လှမ်း​မှီတဲ့​နေရာ​တော့​ ကျ​နော်တို့​ ​ဘေး​လွတ်ရာကို ကြိုပို့​ထား​တယ်။ ကျ​နော်တို့​ကျောင်း​တွေမှာ မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​ လာ​နေတာ​တွေ့​ရတယ်။”

ဘယ်​လောက်​လောက်ရှိပါသလဲ။

“ဖန်ငခရိုင်တခုလုံး​ဆိုရင် အများ​ကြီး​ပေါ့​။ တရား​ဝင်​ကော၊​ တရား​မဝင်ပါ သိန်း​နဲ့​ချီတဲ့​ မြန်မာအလုပ်သမား​တွေရှိပါတယ်။ ဆူနာမီ​ပြေး​တဲ့​နေရာမှာ​တော့​ အလုပ်သမား​တော့​ ​သောင်း​နဲ့​ချီပြီး​ ရှိမယ်။ ​နေရာ​တွေ က ပြန့်​ကျဲ​နေတယ်။ တချို့​က​တော့​ ကိုယ့်​သူ​ဌေး​တွေနဲ့​ ကား​တွေနဲ့​ သွား​ရှောင်​နြေကတယ်။”

ထိုင်း​နိုင်ငံမှာလည်း​ ဆူနာမီ သတိ​ပေး​ချက် ထုတ်ပြန်

မြန်မာစံ​တော်ချိန် ၆ နာရီ ၃၀ မိနစ်

အင်ဒိုနီး​ရှား​နိုင်ငံ ဆူမား​တြား​ကျွန်း​မှာ ငလျင်လှုပ်သွား​ပြီး​တဲ့​နောက် ထိုင်း​နိုင်ငံ သဘာဝ​ဘေး​အန္တရာယ် သတိ​ပေး​ရေး​ဌာနက ကပ္ပလီ ပင်လယ် ကမ်း​ခြေ တ​လျှောက်က ​ဒေသခံ​ တွေနဲ့​ ကမ္ဘာလှည့်​ ခရီး​သည်​တွေကို ​ဘေး​လွတ်ရာ ​ရှောင်ကြဖို့​ သတိ​ ပေး​ချက် ထုတ်ပြန် လိုက်ပါ တယ်။

အ​မေရိကန် ဘူမိ​ဗေဒ စစ်တမ်း​အဖွဲ့​မှ ပြန်လည်တိုင်း​ထွာချက်များ​အရ ငလျင်ပြင်း​အား​ ၈ ဒဿမ ၇ ရှိပြီး​ အင်ဒိုနီး​ရှား​ ဘန်ဒါ အာ​ချေး​မြို့​ရဲ့​ ၄၃၁ ကီလိုမီတာအထိ ရိုက်ခတ်ခဲ့​တယ်လို့​ သိရပါတယ်။

ထိုင်း​နိုင်ငံ ဘန်​ကောက်က အထပ်မြင့်​ အ​ဆောက်အဦ ရုံး​ခန်း​တွေမှာ ၃ မိနစ်က​နေ ၅ မိနစ်​လောက်ထိ ငလျင်​ကြောင့်​ တုန်ခါမှု​တွေ ကြုံခဲ့​ရြပီး​ ထိုင်း​နိုင်ငံ ​တောင်ပိုင်း​ဒေသ​တွေမှာလည်း​ အလား​တူ တုန်ခါမှု​တွေကို ခံစား​ခဲ့​ရပါတယ်လို့​ ထိုင်း​နိုင်ငံ MCOT ဝက်ဘ်ဆိုဒ်မှာဖော်ပြ ထား​ပါတယ်။

ကပ္ပလီပင်လယ်ကမ်း​ခြေတ​လျှောက်က ဖူး​ကက်၊​ ကရာပိ၊​ ဖန်င၊​ ရ​နောင်း​၊​ ထရန်နဲ့​ ဆတွန်ခရိုင်​တွေမှာ ​ဒေသခံ​တွေကို ​ဘေး​လွတ်ရာ ကုန်း​မြင့်​တွေဆီ ​ရွှေ့​ပြောင်း​ကြဖို့​ ထိုင်း​နိုင်ငံ သဘာဝ​ဘေး​အန္တရာယ်ဗဟိုဌာန ညွှန်ကြား​ရေး​မှူး​ ဆွန်မ်ဆက် ​ခေါက်ဆူဝမ်က ပြည်သူ​တွေကို တိုက်တွန်း​နှိုး​ဆော်ထား​ပါတယ်။

ဆူနာမီသတိ​ပေး​ချက် ထွက်လာပြီး​နောက်မှာ ဖူး​ကက်နိုင်ငံတကာ​လေဆိပ်ကို ပိတ်ထား​လိုက်ပြီး​ ​လေ​ကြောင်း​ခရီး​စဉ်​တွေကိုလည်း​ ည​နေ ၄ နာရီကတည်း​က ဖျက်သိမ်း​ထား​ပြီး​ပြီလို့​ ထိုင်း​နိုင်ငံ ​လေဆိပ် ဥက္ကဋ္ဌ အနီရုသ် ထနုံမ် ကူလ် ဘာ့​တ်က ​ပြောပါတယ်။ ဖူး​ကက်မှာ ရှိတဲ့​ ကမ္ဘာလှည့်​ ခရီး​ သည်​တွေနဲ့​ ​ဒေသခံပြည်သူ​ တွေဟာ ​ဘေး​လွတ်ရာ ကုန်း​မြင့်​တွေဆီ အ​ဆော တလျင် ​ရွှေ့​ပြောင်း​နြေကြပီ ဖြစ်ပါ တယ်။

မိုး​ဇလတာဝန်ရှိသူကို ​မေး​မြန်း​ချက်

မြန်မာစံ​တော်ချိန် ည​နေ ၆ နာရီ ၁၅ မိနစ်

ဆူနာမီ​ရေလှိုင်း​တွေ တက်လာနိုင်တယ်လို့​ မိုး​လေဝသဌာနက ​ကြေညာချက် ထုတ်ပြန်ထား​ပေမယ့်​ ည​နေ​ခြောက်နာရီထိ ထူး​ခြား​မှုမရှိ​သေး​ဘူး​လို့​ မိုး​ဇလ လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်က ​ပြော ပါတယ်။

No comments: