Wednesday, April 11, 2012

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လည်ရောက်ရှိ

(ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံ ဆွေး နွေး ခဲ့သည့် ကရင် အမျိုးသား အစည်း အရုံး (ကေအဲန်ယူ) ငြိမ်းချမ်းရေး ကိုယ်စား လှယ်များသည် ယနေ့ နေ့လည် ပိုင်းတွင် ထိုင်း- မြန်မာ နယ်စပ် သို့ ပြန်လည် ရောက်ရှိ လာပြီဟု သိရသည်။

ယနေ့ မနက် ၇နာရီ အချိန်တွင် ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်မှ စတင်ထွက် ခွာခဲ့ပြီး နေ့လည် ၁၂နာရီ ဝန်းကျင်းတွင် နယ်စပ် ဒေသသို့ ပြန်လည် ရောက်ရှိ လာသည့် အဆိုပါ ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ သည် ယခု ခရီးစဉ် အပေါ် အားရပ်ကျေနပ်မှု ရှိသည်ဟု ဆိုသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “အစိုးရနဲ့ ကျမတို့ အရေးကြီးတဲ့ အချက်တွေကို လိုအပ်သလောက် ကျမတို့ ဆွေးနွေးနိုင်ခဲ့တယ်။ နောက်ဆက်တွဲ အကောင် အထည် ဖော်ရ မယ့်ဟာ တွေတော့ ရှိတာပေါ့။ ဒီခရီးစဉ်တစ်ခုလုံးခြုံပြီး ပြောရရင်တော့ ကျမတို့ ကျေနပ်အားရပ်မှုရှိတယ်။”ဟု ပြောသည်။

ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အဓိက အချက် ၆ချက်ဖြစ်သည့် တ ပြည်လုံးအတိုင်းအတာအဖြစ် အပစ်အခတ်ရပ်ဆိုင်းရန်နှင့် အထူးသဖြင့် တိုင်းရင်းသား ဒေသများ တွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်စဲပေးရန်၊ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများ အဖြစ် ဘဝရပ်တည် နိုင်ရေး အာမခံရန်၊ ပြည်သူပြည်သားများအတွင်း ယုံကြည်မှု တည်ဆောက်ရန်၊ အတင်းလုပ်အားခိုင်း စေခြင်း၊ ပုံစံအ မျိုးမျိုးဖြင့် ငွေတောင်းခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း စသည့် လုပ်ရပ်များ ရပ်တန့်ပေးရန်၊ အကျဉ်းသားများ လွှတ် ပေးရန်အပြင် ပြည်သူ ပြည် သားများ၏ မြေယာကိစ္စများအား ဖြေရှင်းပေးရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် စီစဉ်ဆောင်ရွက်မှုများ စတင်ရန် စ သည့်အချက် များကို ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးချက် ၆ချက်အပေါ်တွင် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များ၊ စောင့်ကြပ်ကြည့်ရှူ့သည့်အဖွဲ့ ထားရှိရန်နှင့် ပြည်သူလူထုဘ၀လုံခြုံရေး အာမ ခံချက် ရရှိရန် အတွက် အကောင်အ ထည်ဖော် ဆောင်ရွက်ရမည့် အစည်း အဝေးဆုံးဖြတ်ချက် ၁၃ချက်ကို သဘောတူညီမှု ရရှိခဲ့သည်ဟု ဧပြီလ ၇ရက်နေ့၌ ကေအဲန်ယူက ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၄ရက်နေ့က စတင်သည့် ကေအဲန်ယူ၏ ငြိမ်းချမ်းရေးခရီးစဉ်တွင် ပြည်တွင်းငြိမ်းချမ်းရေးတွက် မြန်မာအစိုးရနှင့် ပြည်ထောင် စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ပဲခူးတိုင်းဒေသကြီးတွင် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသလို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း အပြုသဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ထို့အပြင် ပြည်တွင်းရှိ ကရင်လူထုများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ပါတီများ၊ ဒီမိုကရေစီ နိုင်ငံရေးပါတီများနှင့် အခြားတိုင်းရင်း သားပါတီများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာပြည် ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြို့တိုးတက်ရေးတွက် အပြန်အလှန် အကြံပြုချက်များ ရယူကြသည်။

No comments: