Saturday, April 7, 2012

ရန်ကုန်မြို့​မှာ ၁၂ နာရီ မီး​လင်း​မယ်လို့​ လျှပ်စစ် အဖွဲ့​က ​ပြော

မင်းလွင်

ရန်ကုန် မြို့​တော်မှာ တရက်ကို ၁၂ နာရီ မီး​လင်း​ မယ်လို့​ လျှပ်စစ် ဓာတ်အား ​ပေး​ရေး​ အဖွဲ့​က ​ပြောကြား​ လိုက်ပါ တယ်။

ဒီ​နေ့​ ရန်ကုန် အလုံမြို့​ နယ်အ တွင်း​က လျှပ်စစ် ဓာတ်အား​ပေး​ရေး​ ရုံး​မှာ ကျင်း​ပြ ပုလုပ်တဲ့​ သတင်း​စာ ရှင်း​လင်း​ ပွဲမှာ ရန်ကုန်မြို့​တော် လျှပ်စစ် ဓာတ်အား ​ပေး​ရေး​ အဖွဲ့​က ဥက္ကဋ္ဌ ဦး​အောင်ခိုင်က ​ပြောကြား​ လိုက်တာ ပါ။

ရန်ကုန် မြို့​တော် အတွင်း​က လူ​နေ ရပ်ကွက် အား​လုံး​ကို ည​နေ ၅ နာရီ မနက် ၅ နာရီအထိ မီး​ပေး​မယ်လို့​ ​ပြော​ကြောင်း​ ရန်ကုန်အ​ခြေစိုက် သတင်း​ထောက် တဦး​က ​ပြောပါတယ်။

“ညပိုင်း​ မီး​လင်း​ အောင်လို့​ပေါ့​၊​ ပုံမှန် အတိုင်း​ ၂၄ နာရီ​တော့​ မ​ပေး​နိုင်​ သေး​ဘူး​ပေါ့​။ သူတို့​ ကြိုး​စား​ နေတယ်။ ဘယ်အချိန်​ ပေး​မယ် ဆိုတာ အတိ အကျ မသိ​သေး​ဘူး​။”

ဦး​အောင်ခိုင် က​တော့​ ​သောင်း​ကျန်း ​သူ​တွေက လျှပ်စစ် ဓာတ်အား​ တိုင်​တွေကို ​ဖောက်ခွဲ ဖျက်ဆီး ​ခဲ့​တယ်။ အဲဒီ အတွက် ပြင်ဆင်တဲ့​ အချိန်​တွေ ကြာမြင့်​ ပြီး​တော့​ ရဲရွာနဲ့​ ​လောပိတ ​ရေအား​လျှပ်စစ်​ ပေး​ရေး​က​နေ ဓာတ်အား ​ယူရ တဲ့​အတွက် အခုလို လျှပ်စစ် ဓာတ်အား​တွေ ပုံမှန် မရ တာလို့​ ​ပြော​ကြောင်း​ကို သွား​ရောက် သတင်း​ ယူခဲ့​တဲ့​ အြခား​ သတင်း​ထောက် တဦး​က ​ပြောပါတယ်။

“သူတို့​ ဘာ​ကြောင့်​ လျှပ်စစ်​တွေ ပျက်သွား​ တယ်ဆို တာ ဒီဇင်ဘာ လတုန်း​က ​သောင်း​ကျန်း​ သူ​တွေက လျှပ်စစ် တာဝါ တိုင်​တွေကို ဖျက်ဆီး ​ခဲ့​တယ်။ အဲဒါ​ကြောင့်​ ပြင်တဲ့​ အခါ ရက်​တွေ အများ​ကြီး​ ကြာခဲ့​တယ်။ အဲဒီလျှပ်စစ် တာဝါတိုင်​ တွေအတွက် လိုအပ်တဲ့​ လျှပ်စစ်ကို ​လောပိ တတို့​၊​ ရဲရွာတို့​က ယူရတဲ့​ အတွက် ​လောပိ တတို့​၊​ ရဲရွာ တို့​မှာ ​ရေအား​ တွေကုန် သွား​တယ်။ အဲဒီ လိုဖြစ် တယ်လို့​ ပြောတယ်။”

No comments: