Saturday, April 7, 2012

နမ့်ခမ်း မြို့မ ပြည်သူ့ စစ်အဖွဲ့ သစ်ထုတ်ပြီး ၀င်ငွေရှာ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ မြို့မ ပြည်သူ့ စစ်အဖွဲ့ ရံပုံငွေ အတွက် ၄င်းအဖွဲ့မှ စီးပွားရေး တာဝန်ခံ ဦးလောရှီ ဦး ဆောင်ကာ မန်တုံမြို့နယ် အတွင်း တရား မဝင် သစ်ထုတ်လုပ် နေကြောင်း သိရ သည်။

လွန်ခဲ့သည့် နှစ်လခန့် မှစ၍ မန်တုံမြို့နယ် ကော်ဟုတ်နှင့် ဒွန်ပုတ် ကျေးရွာ အတွင်း သစ်လုပ်ငန်း လုပ်ကိုင် နေခြင်း ဖြစ်ပြီး အဆိုပါသစ် များအား တရုတ် နယ်စပ်ဘက် တင်ပို့ကြောင်း ဒေသခံ များက ဆို သည်။

“ဦးဆောင် တာက တော့ နမ့်ခမ်း မြို့မ ပြည်သူ့စစ် စီးပွားရေး တာဝန်ခံ ဦးလောရှီပေါ့ တရုတ် လောပန်း တွေလည်း ပါတယ်၊ တောင်ပေါ် တွေမှာတော့ ဒေသခံ သစ်ခုတ် သမား တွေကို ငှားပြီး ခုတ်ခိုင်း တယ် သူတို့ အလှူငွေ ထည့်ပြီးမှ ခုတ်ယူ တာပေါ့၊ သစ်ကတော့ သစ်ကြမ်း တွေပါ ”- ဟု ဒေသခံ တစ်ဦးက ဆိုသည်။

၎င်း ဒေသမှ ထွက်ရှိ သည့်သစ် များအား မုံးဝီး - နမ့်ခမ်း လမ်းအတိုင်း တရုတ် နယ်စပ်ဘက် ကားများဖြင့် နေ့စဉ် သယ်ယူ နေကြောင်း နောက်ထပ် နမ့်ခမ်း ဒေသခံ မျက်မြင် တစ်ဦး ကလည်း ဆိုသည်။


မြို့မ ပြည်သူ့ စစ်အဖွဲ့မှာ အစိုးရ စစ်တပ် ကျောထောက် နောက်ခြံပု ထားသည့် ဒေသခံ လက်နက်ကိုင် အဖွဲ့များ ဖြစ်ပြီး အဆိုပါ ပြည်သူ့ စစ်များ အနေဖြင့် လောင်းက စားဝိုင်း ၊ သစ်လုပ်ငန်း ၊ ဂိတ်အခွန် ကောက်လုပ်ငန်း များမှ ရရှိသည့် ၀င်ငွေဖြင့် ရပ် တည် နေကြောင်း သိရသည်။

No comments: