Wednesday, April 4, 2012

ကျောက်ပန်းတောင်းမြို့ရှိ ဆောက်လက်စ ဗလီ ဖျက်ဆီးခံရ

ရိုးမ ၃


မန္တလေးတိုင်း၊ ကျောင်းပန်းမြို့၊ ပြည်တော်သာရပ်ကွက်၊ ရွှေတန်ဆာလမ်း၊ မဟာသယဗ္ဘူဘုရားအနီးရှိ ဦးနေထွန်းဆိုသူ၏ ခြံဝင်း အတွင်း ရှိ ဆောက်လက်စ ဗလီအဆောက်အဦသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ညတွင် ဖြိုချဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

မတ်လ ၃၀ ရက်နေ့ည (၇) နာရီဝန်းကျင်တွင် ရာပေါင်းများစွာသော မြို့ခံလူအုပ်ကြီးက ဗလီကိုဖြိုချဖျက်ဆီးရန်ရောက်လာခဲ့သည်။

“ရာပေါင်းများစွာသော လူအုပ်ကြီးက ဗလီကို ဖျက်ဆီးဖို့ ဝိုင်းလာကြတယ်။ ဒီချိန်မှာ သံဃာတော်များကလဲ ကား ၇ စီးနဲ့ ရောက်လာ တယ်။ ရောက်လာပြီးတော့ လူတွေကို မဖျက်ဆီးဖို့ တားသေးတယ်” ဟု မျက်မြင်သက်သေတဦးက ပြောသည်။

သံဃာတော်များက ဖျောင်းဖျတားဆီးသော်လည်း လူထုက ဗလီကို ဖျက်ဆီးရန် စိတ်အားထက်သန်နေသောကြောင့် သံဃာတော်များမှ တားမြစ်စည်းတစည်း၊ မြို့နယ်အာဏာပိုင်များပါဝင်သော မြို့နယ်စည်ပင်မှ တားမြစ်စည်းတစည်းတို့ဖြင့် လူထုအား တားဆီးထားကာ ဘူဒိုဇာဖြင့် ဗလီကို ဖြိုချဖျက်ဆီးပေးခဲ့ကြောင်း သူက ဆက်ပြောသည်။

ထိုသို့ ဖြိုချဖျက်ဆီးမှုသည် ည (၁၁) နာရီခန့်တွင် ပြီးဆုံးသွားပြီး ဗလီဖျက်ဆီးရန် လာရောက်သော လူထုသည်လည်း ၎င်းအချိန်မှစ၍ ပြန် လည်ထွက်ခွါသွားကြကြောင်း သူကဆက်လက်ပြောဆိုသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အရင်က ဗလီမရှိခဲ့ကြောင်း၊ ဗလီဆောက်လုပ်သော အခါတိုင်းတွင်လည်း ယခုကဲ့သို့ ဖြို ချဖျက်ဆီးခြင်းခံရကြောင်း ထိုမြို့မှ သိမှီသူတဦး၏ ပြောပြချက်အရ သိရသည်။

No comments: