Friday, April 13, 2012

အီးယူက ဒဏ်ခတ် ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်း ဦးမည် မဟုတ်

နေသွင်

ဥရောပ သမဂ္ဂ အီးယူက မြန်မာ ပြည်ကို ဒဏ်ခတ် ပိတ်ဆို့မှု အားလုံးကို တချိန် တည်းနဲ့ ရုပ်သိမ်း ဦးမှာ မဟုတ်ဘူး လို့ ဗြိတိသျှ ၀န်ကြီးချုပ် ရုံးရဲ့ သတင်း အရင်း အမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဆိုပါတယ်။

ဒီ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံမှာ ဒီနေ့ သမတ ဦးသိန်းစိန်နဲ့တွေ့တဲ့အ ခါ၊ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တဲ့ အခါမှာ ရှင်းရှင်း လင်းလင်း ပြောဖို့ ရှိတယ်လို့ ဆိုပါ တယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင် တဲ့ ဥရောပ သမဂ္ဂက ဒီလ ၂၃ ရက် နေ့ကျရင် မြန်မာ နိုင်ငံအေပါ် ဒဏ်ခတ် ပိတ်ဆို့မှု တွေကို ပြန်လည် သုံးသပ် ဖို့ရှိပြီး လက်ရှိ မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို အသိ အမှတ် ပြုတာနဲ့ ခြေလှမ်း ကျွံပြီး နောက်ပြန် ဆုတ်ဖို့ ခက်တဲ့အခြေ အနေမျိုးမရောက် အောင် ထိန်းညှိ သွားဖို့ ရှိတယ်လို့ ဗြိတိသျှ ၀န်ကြီး ချုပ်ရုံးက သတင်း အရင်း အမြစ်က ပြောတာကို သတင်းမှာ ဖော်ပြ ထားပါ တယ်။

အီးယူရဲ့ ခေါင်းဆောင် တဦး ဖြစ်တဲ့ ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကလည်း မြန်မာ ပြည်ကို မရောက်ခင် မလေး ရှားမှာ မြန်မာ ပြည်က တိုးတက်မှု တွေနဲ့ သမ္မတ ဦးသိန်း စိန်ရဲ့ လုပ်ဆောင်ချက် တွေကို ချီးကျူး စကား ဆိုခဲ့ ပါတယ်။

“မြန်မာပြည်မှာ အြေပာင်းအလဲတွေအေပ်ါမှာ သတိထားဖို့၊ မေးခွန်းတွေ ဆက်ထုတ်နေဖို့ လိုအပ်သလိုပဲ အခုလို အလင်းရောင်တွေ မြင် နေရြပီး ဒီမိုကေရစီနဲ့ လွတ်လပ်မှုတွေ ပွင့်လင်းလာဖို့ မျှော်လင့်ရတဲ့ အြေပာင်းအလဲ စတင်နေတဲ့အြေခအေနမှာ နောက်ကနေ အား ပေးဖို့လည်း လိုအပ်တယ်။”

ဒေးဗစ်ကင်မရွန်းဟာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ပထမဆုံး မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူနိုင်ငံတွေထဲက နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကလည်း အီးယူအေနနဲ့ အြေခအေနကို စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။

“မြန်မြန် ဆန်ဆန် အီးယူတို့ ဘာတို့က လျှော့လိုက် တယ်ဆို တာမျိုးက မဖြစ်သင့် သေးဘူး။ အချိန်စော သေးတယ်။ တိုးတက် မှုကို ဆက် ကြည့် ဦးပေါ့။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အရွေး ခံရတာ နဲ့တင် မဟုတ် သေးဘူး။ ဒေါ်အောင်ဆန်း စုကြည် ပြောတာ က သမ္မတ ကြီးနဲ့ လုပ်ရတာ ကောင်းတယ်။ အခုက အစိုးရ အဖွဲ့အစည်းထဲ ရောက်သွားပြီ၊ လွှတ်တော်ထဲ ရောက်သွားပြီ၊ နောက် ဘယ် လိုအခြေေ အနေ ရှိမ လဲဆိုတာ စောင့်ကြည် ရဦး မှာပေါ့။ အဲဒါကြောင့် ခုအချိန်အခါ လုပ်ဖို့ ကိုင်ဖို့ ဆိုတာတော့ သူတို့ ဘက်က ပေး တဲ့ အတိုင်း အတာတွေ ကတော့ တိုးတက်မှု ရှိတာတော့ အမှန်ပဲ။ အရင်နဲ့စာရင် တိုးတက် တယ်။ အဲဒီ အပေါ် မှာသာ စဉ်းစားရင် စဉ်းစား ပေါ့။ သို့သော်လည်း စီးပွားရေး ပိတ်ဆို့ မှုနဲ့ ပတ်သက်တာ အားလုံးကို အလျင် စလို လျှော့ပေးမယ် ဆိုရင်တော့ သူတို့ ဘက်က အများ ကြီး ချိန်ဖို့ ကောင်းသေးတယ်။ အရမ်းကြီး လုပ်ဖို့ မသင့် သေးဘူး။”

တိုင်းရင်းသားဒေသေတွမှာ စစ်တွေ မရပ်သေးတာ၊ တရားဥပေဒ စိုးမိုးရေးအပိုင်းမှာလည်း တိုးတက်မှုတွေ မရှိသေးတာကို ဦးတင်ဦးက ထောက်ပြပါတယ်။

အီးယူဟာ ဖေဖ်ာဝါရီလကတုန်းကေတာ့ သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအရာရှိ ၈၇ ဦးရဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးခဲ့ပြီး လက်နက်မတင်ပို့ရေး၊ ကျောက်မျက်နဲ့ လူပေါင်း ၅၀၀ နီးပါးရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထား တာကတော့ ဆက်ရှိ နေပါ တယ်။

No comments: