Friday, April 13, 2012

ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ထိုး​စစ်ဆင်ရန် အစိုး​ရက စစ်​ရေး​ပြင်ဆင် (​မေး​မြန်း​ချက်)

နော်နိုရင်း

တိုင်း​ရင်း​သား ​လက်နက်ကိုင် တပ်ဖွဲ့​ တွေဖြစ်တဲ့​ ကရင်၊​ မွန်၊​ ရခိုင် နဲ့​ ကရင်နီ အဖွဲ့​ ​တွေက အစိုး​ရ နဲ့​ အပစ် အခတ် ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး ​ဆွေး​နွေး​ မှု​တွေ လုပ်​ဆောင်​ နေချိန်မှာ ကချင် ပြည်နယ် မှာ​တော့​ ​ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ထိုး​စစ် ဆင်ဖို့​ အစိုး​ရက စစ်​ရေး ​ပြင်ဆင်​ နေတယ်လို့​ ကချင် လွတ်မြောက်​ရေး​ တပ်ဖွဲ့​ (​အေအိုင်​အေ) က ​ပြောပါ တယ်။

ကချင် ပြည်နယ်က ထိုး​စစ်၊​ တိုက်ပွဲ အ​ခြေ အ​နေနဲ့​ ပတ်သက်ပြီး​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​ကို ​မေး​မြန်း ​ထား​ပါ တယ်။

အခု လိုင်ဇာ ဘက်ကို အစိုး​ရ တပ်​တွေ ထိုး​စစ် ဆင်​နေ တယ်ဆိုပြီး​ သတင်း​တွေ ထွက်​နေလို့​၊​ အ​ခြေ အ​နေ ဘယ်လို ရှိလဲ။

“လိုင်ဇာ​တော့​ မ​ရောက်​ သေး​ဘူး​၊​ ဒါ​ပေမယ့်​ သူတို့​ရဲ့​ စစ်ဆင်​ရေး​ လမ်း​ကြောင်း​ကို ကြည့်​တဲ့​ အခါမှာ အား​လုံး​က ဒီ လိုင်ဇာ ဘက်ကို ဦး​တည် တဲ့​ပုံစံ ​တွေ့​ရ တာ​ပေါ့​နော်။ အဲဒါ​ကြောင့်​ အများ​ က​တော့​ လိုင် ဇာ ဘက်ကို ထိုး​စစ် ဆင်လာတယ် ဆိုပြီး​တော့​ ​ပြောဆို တာပါ။ အ မှန် တကယ်လည်း​ သူတို့​ ရည်မှန်း​ ချက်က အဲဒါ ဖြစ်နိုင် တယ်။ ဘာ​ကြောင့်​လဲ ဆို​တော့​ အခု သူတို့​ စစ်ဆင်​ ရေး​ရဲ့​ မြား​ဦး ​အား​လုံး​ ဟာ ဒီဘက်ကို လှည့်​တဲ့​ ပုံစံ ဖြစ်​နေ တယ်။ မြစ်ကြီး​နား​ ဘက်က​နေ ဝင်လာတဲ့​ လမ်း​ကြောင်း ​ကလည်း​ ဒီလိုင်ဇာ ဘက်ကို ဦး​တည် ထား​တယ်။ ဗန်း​မော်ဘက်က တက်လာတဲ့​ စစ်​ကြောင်း ​တွေကလည်း​ ဒီလိုင် ဇာ ဘက်ကို တက်လာတဲ့​ ပုံစံ ဖြစ်​နေ တယ်။”

ထိုး​စစ်အ​ခြေအ​နေက ဘယ်လိုရှိလဲ။ သူတို့​ တပ်က ဘယ်​လောက်အင်အား​နဲ့​ ဘယ်ဘက်ကို ဦး​တည် သွား​နေတာလဲ။

“အင်အား​ဘယ်​လောက်ရှိတယ်ဆိုတာ အတိအကျ​ပြောဖို့​တော့​ ခက်မယ်ထင်တယ်။ သူတို့​ဘက်က လှုပ်ရှား​မှုအား​လုံး​က မြို့​ကထွက်လာ​တော့​ ညအချိန်မှာ ထွက်ကြတယ်။ ​နောက်ပြီး​တော့​ သူတို့​အခုလှုပ်ရှား​နေတဲ့​ ​ဒေသကရွာ​တွေက ရွာ​တော့​ ရှိ​ပေမယ့်​ ရွာထဲမှာ လူ​တွေက မရှိကြ​တော့​ဘူး​။ အား​လုံး​က စစ်​ပြေး​ဒုက္ခသည်​တွေအ​နေနဲ့​ ဒုက္ခသည်စခန်း​ထဲမှာ ​ရောက်​နေတာ ကြာပြီ။ ဒါ​ကြောင့်​ သူတို့​ ​ရှေ့​တန်း​မှာ​ရောက်​နေတဲ့​ တပ်အင်အား​ ဘယ်​လောက်ရှိတယ်ဆိုတာ ခန့်​မှန်း​ပြောဆိုဖို့​က​တော့​ ခက်မယ်ထင်တယ်။”

အခု တိုက်ပွဲ​တွေ ဖြစ်​သေး​လား​။

“တိုက်ပွဲက​တော့​ ​နေ့​စဉ်ဖြစ်ပါတယ်။ မ​နေ့​ကလည်း​ ရှိတယ်။ ဖြစ်တဲ့​တိုက်ပွဲ အား​လုံး​က သူတို့​က​နေ လုပ်တဲ့​ တိုက်ပွဲ​တွေ များ​တယ်။ မ​နေ့​ကြဖစ်တဲ့​တိုက်ပွဲမှာလည်း​ ကျ​နော်တို့​နေတဲ့​ ​တောင်ကုန်း​ကို သူတို့​က​နေ လက်နက်ကြီး​နဲ့​ ပစ်ခတ်ပြီး​မှ ​ခြေလျင်တပ်ဖွဲ့​တွေ ပြန်ပြီး​တော့​ တိုက်ခိုက်တာမျိုး​လုပ်တယ်။ အဓိကက​တော့​ လမ်း​ကြောင်း​ရှင်း​တဲ့​ပုံစံနဲ့​ တြဖည်း​ဖြည်း​ ချဉ်း​ကပ်လာတဲ့​ပုံစံ။ အဲဒီ ဖြစ်လာတဲ့​အခါမှာ စြဖစ် တာ က​တော့​ သူတို့​ဘက်က​နြေပီး​တော့​ စြပီး​လက်နက်ကြီး​နဲ့​ပစ်တာမျိုး​ပါ။ မ​နေ့​က​တော့​ ၂ ကြိမ်​ပေါ့​ဗျာ။”

တိုက်ပွဲ​တွေ ဖြစ်​နေ​တော့​ အခုလက်ရှိဒုက္ခသည်​တွေ အ​ခြေအ​နေက ဘယ်လိုရှိလဲ။

“အခုဖြစ်တဲ့​တိုက်ပွဲ​တွေက ဒုက္ခသည်စခန်း​တွေနဲ့​ ​တော်​တော်အလှမ်း​ဝေး​ပါ​သေး​တယ်။ ဒါ​ပေမယ့်​ ​ရေရှည်မှာ ဒီလို ဆက်ပြီး​ ဖြစ်သွား​မယ်၊​ တိုက်ပွဲ​တွေက ဒီထက်ပိုပြီး​တော့​ ပြင်း​ထန်လာမယ်၊​ ​နောက်ပြီး​တော့​ လူ​နေတဲ့​ ​ဒေသ​ပေါ့​။ ဒုက္ခသည်စခန်း​နဲ့​ အနီး​ကပ်ဆုံး​နေရာ​တွေကို တိုက်ပွဲ​တွေ ဖြစ်လာမယ်ဆိုရင်​တော့​ ဒါက အ​ခြေအ​နေ တမျိုး​ပြောင်း​လဲသွား​မှာပါ။ အခုထက်ထိ​တော့​ ဒုက္ခသည်​တွေအတွက် သိပ်စိုး​ရိမ်စရာ​တော့​ မရှိ​သေး​ဘူး​။”

ကေအိုင်​အေနဲ့​ အစိုး​ရ ​ဆွေး​နွေး​နေတဲ့​အခိုက်မှာပဲ အခုလို ထိုး​စစ်ဆင်​နေတဲ့​အ​ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ကျ​နော်တို့​ ​တွေ့​ဆုံမှုတိုင်း​မှာ​တော့​ နှစ်ဦး​နှစ်ဖက် သ​ဘောတူညီချက်နဲ့​ ​ကြေညာချက်​တွေ ထုတ်ကြတယ်​ပေါ့​။ အဲဒီ​ကြေညာချက်ထုတ်တဲ့​ ​နေရာမှာလည်း​ ဒီ ဖြစ်​နေတဲ့​တိုက်ပွဲကို အရှိန်​လျှော့​ချဖို့​ဆိုတဲ့​ အ ချက် ရယ်၊​ ​နောက်ပြီး​တော့​ ဖြစ်ပွား​နေတဲ့​ ဒေသမှာရှိတဲ့​တပ်​တွေရဲ့​နေရာ ချထား​တာနဲ့​ ပတ်သက်ပြီး​တော့​ ​ဆွေး​နွေး​ရ​အောင်ဆိုတဲ့​ဟာ​တွေ ပါပါတယ်။ ဒါ​ပေမယ့်​ တာဝန်ယူရမယ့်​ အပိုင်း​က​တော့​ သူတို့​ရဲ့​ ပြည်​ထောင်စုကိုယ်စား​လှယ်အဖွဲ့​ (ဦး​အောင်​သောင်း​အဖွဲ့​) မှာ တာဝန်ရှိပါတယ်။ ဦး​အောင်​သောင်း​အဖွဲ့​က​နြေပီး​တော့​ တပ်ပိုင်း​ဆိုင်ရာ စစ် တပ်နဲ့​သူတို့​ ဘယ်​လောက်အထိ ညှိနှိုင်း​သလဲ မညှိနှိုင်း​ဘူး​လဲ ဆိုတဲ့​အ ချက်မှာ မူတည်ပါလိမ့်​မယ်။ ဒါ​ပေမယ့်​ သူတို့​ဆွေး​နွေး​ပွဲပြီး​လို့​ ပြန် သွား​တဲ့​ ​နောက်ပိုင်း​ ဆက်တိုက်ပါပဲ စစ်ဆင်​ရေး​က ပိုပြီး​တော့​ အရှိန်မြင့်​လာတာမျိုး​ ​တွေ့​ရတယ်။ ထင်တာက​တော့​ သူတို့​ ပြန်​ရောက်သွား​တဲ့​အခါ ​နြေပည်​တော်မှာ အဲဒီကိစ္စ သိပ်ပြီး​တော့​ ​လေး​လေး​နက်နက် မထား​ဘဲနဲ့​ သူတို့​အချင်း​ချင်း​ အတွင်း​မှာ တပ်ပိုင်း​ဆိုင်ရာကိစ္စနဲ့​ အစိုး​ရအဖွဲ့​ကြား​မှာ သိပ်ပြီး​တော့​ ​ဆွေး​နွေး​တဲ့​အပိုင်း​ မရှိဘူး​လို့​ ခန့်​မှန်း​မိ တယ်။”

အစိုး​ရ ပြည်​ထောင်စုအဆင့်​ကိုယ်စား​လှယ် ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​ကလည်း​ ​ကေအန်ယူအဖွဲ့​နဲ့​တွေ့​ဆုံတယ်၊​မွန်အ ဖွဲ့​နဲ့​လည်း​ ​တွေ့​ဆုံတယ်၊​ ရခိုင်အဖွဲ့​နဲ့​လည်း​ ​တွေ့​ဆုံပြီး​တော့​ အပစ် အခတ် ရပ်စဲ​ရေး​ ကိစ္စ​တွေ ​ဆွေး​နွေး​နေတယ်။ အခု ​ကေအန်ယူတို့​၊​ မွန်တို့​ကလည်း​ တြပည်လုံး​အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​အတွက် ​တောင်း​ဆိုတာမျိုး​တွေ ရှိ​တော့​ ​ကေအိုင်​အေဘက်ကို​ရော ဒီလိုမျိုး​ ထိုး​စစ် ဆင်​နေတဲ့​အ​ပေါ် သူတို့​ရဲ့​ ​တွေ့​ဆုံမှုက ဘယ်လိုများ​ သက်​ရောက် နိုင်ပါသလဲ။

“သူတို့​က​တော့​ လက်နက်ကိုင်အင်အား​စု​တော်​တော်များ​များ​နဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စ​တော့​ ​ပြောဆို​နြေကတယ်။ တချို့​ လက်မှတ်ထိုး​ထား​ပြီး​တာကို ​တွေ့​ရတယ်။ ဒါ​ပေမယ့်​ အခုထက်ထိ သူတို့​ တိုင်း​ရင်း​သား​ဒေသအား​လုံး​မှာ သူတို့​ တပ်​တွေချထား​တဲ့​ တပ်ပိုင်း​ဆိုင်ရာ​ပေါ့​။ တပ်​တွေဆုတ်သွား​တာမျိုး​ ယုတ်သွား​တာမျိုး​ တခုမှ မ​တွေ့​ရ​သေး​ဘူး​။ ကချင်ပြည်နယ် ပြင်ပမှာရှိတဲ့​ တပ်စခန်း​တွေ​ပြောတာ​ပေါ့​။ ဒါ​ကြောင့်​မို့​လို့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​ဆိုတဲ့​ ကိစ္စမှာ ဘယ်​လောက်အထိအာမခံချက် ရှိနိုင်မလဲ၊​ အချိန်ကာလအား​ဖြင့်​ ဘယ်​လောက်အထိ ထိန်သိမ်း​နိုင်မလဲ ဆိုတဲ့​ ကိစ္စက​တော့​ သူတို့​ရဲ့​ ဒီတပ်ပိုင်း​ဆိုင်ရာနဲ့​ ပတ်သက်တယ်။ ပြည်​ထောင်စုအစိုး​ရအဖွဲ့​နြေပီး​တော့​ သူတို့​ ငြိမ်း​ချမ်း​ရေး​အ​နေနဲ့​ ဘယ်​လောက်အထိ လုပ်​နေတယ်ဆို​ပေမယ့်​ တပ်ပိုင်း​ဆိုင်ရာမှာ တပ်ဆုတ်တာမျိုး​ တပ်​တွေခွာလိုက်တာမျိုး​ မရှိဘူး​ဆိုရင်​တော့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​ဆိုတဲ့​ ကိစ္စက သံသယရှိစရာ အများ​ကြီး​ ရှိပါတယ်။ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စကို ​တောင်း​ဆိုထား​တယ်ဆို​ပေမယ့်​ ဒီကိစ္စ တာဝန်ရှိတာက​တော့​ အ စိုး​ရစစ်တပ်ပါ။ ကာကွယ်​ရေး​ဝန်ကြီး​ဌာနက​နြေပီး​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်က​နြေပီး​တော့​ သူ့​ရဲ့​ တပ်​တွေကို ဆုတ်ခွာထား​မယ်ဆိုရင်​တော့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​ဆိုတဲ့​ ကိစ္စက ​ကြေညာစရာလည်း​ မ လို ဘူး​၊​ လက်မှတ်ထိုး​စရာလည်း​ မလိုဘဲနဲ့​ သူ့​ဟာသူ အဆင်​ပြေသွား​မယ့်​ ကိစ္စ​လေး​တွေပါ။”

အခု အန်ကယ်တို့​ ​ကေအိုင်​အေအဖွဲ့​အ​နေနဲ့​က​ရော အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ထပ်​တွေ့​ဖို့​ အစီအစဉ်ရှိလား​။

“အစိုး​ရ ကိုယ်စား​လှယ် အဖွဲ့​က​နြေပီး​ တော့​ ​တွေ့​ဖို့​ သူတို့​ အ​ကြောင်း​ကြား​ လာဖို့​ ရှိ​နေတယ် ဆိုရင်​တော့​ ကျ​နော်တို့​ ဘက်က​တော့​ အြမဲတမ်း ​တွေ့​ဖို့​ အဆင် သင့်​ပါပဲ။”

မနှစ်ကတည်း​က ဖြစ်တဲ့​ ဒီတိုက်ပွဲ​တွေ​ကြောင့်​ အခု မိုး​တွေ စရွာ​နြေပီဆို​တော့​ ဒုက္ခသည်​တွေအ​ခြေအ​နေ ဘယ်လို ရှိပါသလဲ။

“အခက်အခဲ​တော့​ ရှိပါတယ်။ ဒါ​ပေမယ့်​ ဒီမတ်လကုန်ပိုင်း​လောက်မှာ ၂၀ ​ကျော်ထဲမှာ စြပီး​ ယူအန်လက်​အောက်ခံအဖွဲ့​တွေ ဒီစခန်း​တွေ ကို ​လေ့​လာသွား​တာမျိုး​ပေါ့​။ ​နောက်ပြီး​တော့​ တလစာ စား​ရေး​သောက်​ရေး​အတွက် ပံ့​ပိုး​ပေး​တာမျိုး​ ရှိတယ်။ ဒီလို သူတို့​ ဆက်တိုက် ကူ ညီသွား​မယ်ဆိုရင်​တော့​ ဒုက္ခသည်​တွေရဲ့​ ကိစ္စအဝဝကို​တော့​ တဖက်တလမ်း​က​နေ ​ဖြေရှင်း​နိုင်မယ်လို့​ ယုံကြည်တယ်။ ဒါ​ပေမယ့်​ အခု ထက်ထိ​တော့​ စခန်း​တိုင်း​ကို သူတို့​ မ​ရောက်ရှိနိုင်​သေး​ဘူး​ခင်ဗျ။ တချို့​ တပ်မဟာ (၂) လက်​အောက်ခံ တပ်ရင်း​ (၅ ) ​ဒေသတို့​၊​ ​နောက် တပ်မဟာ (၁) လက်​အောက်ခံ လဂျား​ယန်​ဒေသမှာလည်း​ ပုံး​ရှောင်​နေတဲ့​ဟာ​တွေ အများ​ကြီး​ ရှိ​သေး​တယ်။ အဲဒီ ဘက်ကို ​ရောက် ဖို့​လည်း​ အများ​ကြီး​ လိုပါ​သေး​တယ်။ ဒုက္ခသည်​တွေက ​တော်​တော်များ​များ​ ​နေ​ရေး​ ထိုင်​ရေး​ စား​ရေး​သောက်​ရေး​တွေ ​တော်​တော်လည်း​ ဒုက္ခများ​တယ်။ ​နောက်ပြီး​တော့​ အခု ​ကျောင်း​ပိတ်တဲ့​အချိန်​ပေါ့​။ ​ကျောင်း​ပြန်ဖွင့်​တဲ့​အခါမှာလည်း​ ဒီ က​လေး​တွေရဲ့​ စာသင်​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ​ကျောင်း​အ​ဆောက်အဦတို့​ စာ​ရေး​ကိရိယာတို့​ အများ​ကြီး​ လိုအပ်လာမှာပါ။ ယူအန်ကလည်း​ ဖြစ်နိုင်သ​လောက် လိုအပ်တဲ့​ အကူအညီ​တွေ ​ပေး​မယ်လို့​တော့​ ကျ​နော်တို့​ ​မျှော်လင့်​တယ်။”

No comments: