Thursday, April 12, 2012

နေအိမ်မှ မ​ပြောင်း​ပေး​သည့်​ ရွာသား​များ​ ​ထောင်ဒဏ်ကျခံရသည့်​အပြင် အယူခံ ပယ်ချခံရ

နော်နိုရင်း

လယ်​ဝေး​မြို့​နယ် မီး​သွေး​ဖိုကုန်း​ကျေး​ရွာက ​ထောင်ဒဏ်ချမှတ်ခံထား​ရတဲ့​ ရွာသား​တွေအတွက် ခရိုင်တရား​ရုံး​ကို အယူခံတင်​ပေမယ့်​ ပယ်ချခံခဲ့​ရပါတယ်။ နေပြည်​တော်ခရိုင် လယ်​ဝေး​မြို့​နယ် မီး​သွး​ဖိုကုန်း​ကျေး​ရွာမှာ​နေတဲ့​ ရွာသား​တွေကို မနှစ် ​အောက်တိုဘာမှာ ဖယ်ခိုင်း​ခဲ့​ပြီး​ မဖယ်​ပေး​သူ​တွေကို စည်ပင်သာယာက ကျူး​ကျော်မှုနဲ့​ တရား​စွဲဆိုခဲ့​ပါတယ်။

ရွာသား​ ၂၁ ဦး​ တရား​စွဲဆိုခံခဲ့​ရပြီး​ မတ်လ ကုန်ပိုင်း​မှာ ရွာသား​ ၆ ဦး​ အလုပ်ကြမ်း​နဲ့​ထောင် ၃ လ ချမှတ်ခံခဲ့​ရပါတယ်။ ကျန်သူ​တွေကိုလည်း​ ဆက်ပြီး​တရား​စွဲဆိုထား​ရာမှာ ​ထောင်ဒဏ်ချခံရမှာစိုး​ရိမ်သူတချို့​က မိမိအိမ်​မြေရာ​တွေကို ဖျက်ပြီး​ ထွက်သွား​ကြ ရသလို ကျန် ၃ ဦး​က မဖျက်တဲ့​အတွက် အခုလ ၆ ရက်​နေ့​က အလုပ်ကြမ်း​နဲ့​ ​ထောင်ဒဏ် ၆ လ ထပ်မံ ချခံခဲ့​ရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူ​တွေအတွက် ​နေပြည်​တော်ခရိုင်ရုံး​ကို အယူခံတင်ရာမှာလည်း​ ပယ်ချခံရတယ်လို့​ လယ်သမား​တွေရဲ့​အမှုကို လိုက်​ပေး​တဲ့​ လယ်​ဝေး​မြို့​က ​ရှေ့​နေ ဦး​ခင်​မောင်ကြည်က ​ပြောပါတယ်။

“တရား​စစွဲတုန်း​က​တော့​ မဖယ်တဲ့​လူက အကုန်လုံး​ ၂၁ ​ယောက် ရှိတယ်။ ကျ​နော် လိုက်တာ​ပေါ့​လေ။ အဲဒီအထဲမှာမှ ၄ ​ယောက်က ၁၄ ရက်​နေ့​က ချတယ်​ပေါ့​။ ​နောက်ထပ် ၂ ရက်ဆိုင်း​ပြီး​တော့​ ၂ ​ယောက် ချခံရတယ်။ ၆ ​ယောက် ​ထောင်ချပြီး​တဲ့​အခါကျ​တော့​ တရား​စွဲခံရတဲ့​လူ​တွေက ​ကြောက်တဲ့​အခါကျ​တော့​ အိမ်​တွေဘာ​တွေ ဖျက်ပြီး​တော့​ ဖြစ်သလို ​နေကြရတယ်။ အခု ​နောက်ပိုင်း​ ၈ ​ယောက် ကျန်တဲ့​ဟာ​ပေါ့​လေ။ အမိန့်​ချမယ့်​ ရက်ချိန်း​ကျမှပဲ ၅ ​ယောက်​လောက်က ဖျက်ပြီး​တော့​ ထွက်သွာတယ်။ ၃ ​ယောက်က ထပ်ပြီး​ ​ထောင်ကျတယ်။

ပထမကျတဲ့​လူက​တော့​ အယူခံ ၆ ​ယောက်အတွက်က ကျ​နော် တခါတည်း​ တင်လိုက်တာဆို​တော့​ ​နေပြည်​တော်ခရိုင်တရား​ရုံး​က​တော့​ ဥပ​ဒေနဲ့​ ပတ်သက်တဲ့​ကိစ္စ​တွေ အ​ကြောင်း​တရား​တွေများ​လို့​ အထက် ရုံး​ပဲ တက်ပါဆိုပြီး​တော့​ သူက အကျဉ်း​နည်း​နဲ့​ ပလပ်လိုက်တယ်။ အကျဉ်း​နည်း​နဲ့​ ပလပ်လိုက်​တော့​ အခုမန္တ​လေး​တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်ကို အဲဒီ ၆ ​ယောက်က​တော့​ ဆက်ပြီး​တော့​ သွား​ရမှာ​ပေါ့။” နေပြည်​တော် စည်ပင်သာယာက စီမံကိန်း​နယ်​မြေနဲ့​ မလွတ်ကင်း​လို့​ဆိုပြီး​ ဖယ်ခိုင်း​တဲ့​ မီး​သွေး​ဖိုကုန်း​ကျေး​ရွာဟာ အိမ်​ခြေ ၁၅၀ ခန့်​ရှိပါတယ်။

သက်ဆိုင် ရာက ဖယ်​ပေး​သူ​တွေကို ​ပြောင်း​ရွှေ့​ စရိတ် ၂ သိန်း​နဲ့​ ​မြေ​နေရာ အစား​ပေး​ပါတယ်။ ဒါ​ပေမယ့်​ ရှိတဲ့​အိမ်​ခြေ​တွေအနက် ၃ ပုံ ၁ ပုံခန့်​သာ ​မြေ​နေရာရပြီး​ ကျန် ၃ ပုံ ၂ ပုံက မရလို့​ မဖယ်​ပေး​ဘဲ တင်း​ခံကြတာပါ။ ဒါ​ပေမယ့်​ မဖယ်​ပေး​ရင် ဖမ်း​ဆီး​မယ်လို့​ ​ပြောတဲ့​အတွက် အများ​စု ထွက်​ပြေး​ကုန်ကျပြီး​ ကျန်ရှိတဲ့​ အိမ်​ခြေ (၂၀) ​ကျော်ကို ​နေပြည်​တော် စည်ပင်သာယာက ​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ တရား​စွဲဆိုခဲ့​တာပါ။ ထောင်ကျမှာ စိုး​ရိမ်တဲ့​ ရွာသား​တွေဟာ အိမ်ရာမဲ့​အခက်အခဲနဲ့​ ရင်ဆိုင်​နေရတယ်လို့​ ဦး​ခင်​မောင်ကြည်က ​ပြောပါတယ်။ “ဒီလူ​တွေရဲ့​ ဘဝကလည်း​ ဖျက်ချင်လည်း​ ဖျက်​ပေါ့​လေ၊​ ဖျက်​တော့​လည်း​ ​နေ စရာကမရှိ၊​ မဖျက်ပြန်​တော့​လည်း​ ​ထောင်ကျကုန်​တော့​ သူတို့​ဘဝအတွက်က ကျ​နော် ဥပ​ဒေအရ ဘယ်လို ဘယ်က​နေပြီး​တော့​မှ သက်သာခွင့်​ ရှိရမှန်း​ မသိသ​လောက်ပဲ။ တကယ်​တော့​ တခြား​မှာ ​နေ စရာ​မြေ မရှိလို့​မို့​လို့​ သူတို့​ ဆက်​နေတဲ့​ သ​ဘောပါပဲ။ ဒီ​နေရာ​လေး​ကို နိုင်ငံ​တော်အစိုး​ရက တကယ်လိုအပ်လို့​ သိမ်း​တယ်ဆိုရင်​တော့​ ဥပ​ဒေနဲ့​အညီ​လေး​ သိမ်း​ခဲ့​ရင် ဘာမှ ​ပြောစရာမရှိဘူး​ပေါ့​လေ။

အခုဟာက​တော့​ ဥပ​ဒေနဲ့​ လုပ်ထုံး​လုပ်နည်း​နဲ့​ ကိုင်တွယ်ပြီး​လုပ်ရမယ်၊​ ဝန်ထမ်း​ပိုင်း​ဆိုင်ရာ​တွေက တိတိကျကျ မ​ဆောင်ရွက်​တော့​ မနစ်နာသင့်​ဘဲ နစ်နာကြတဲ့​ အ​ကြောင်း​တရား​တွေ ​ပေါ်​ပေါက်လာ တယ်။ “သူ တို့​က မရှိ ရှိတာ​လေး​နဲ့​ အဲဒီ မီး​သွေး​ဖိုကုန်း​ ​ကျေး​ရွာ​နေရာ​လေး​ကို အ​ခြေချ ​နေကြမယ်ဆိုပြီး​မှ စုမိ​ဆောင်း​မိတာ​လေး​နဲ့​ ​မြေကွက်​လေး​ ဝယ်ပြီး​ ​နေလာကြတဲ့​လူ​တွေ၊​ ဒီ​မြေကွက်ကို ဒီက​နေမ​နေရဘူး​ဆိုပြီး​တော့​ အသား​လွတ် ​မောင်း​လွှတ်သလို ဖြစ်​နေတဲ့​အခါကျ အခြား​မှာကလည်း​ ​နေစရာကလည်း​မရှိ စား​စရာကလည်း​ မရှိ ဒီလို​တော့​ ဒုက္ခ​တွေ ​ရောက်ကြတာ​ပေါ့​လေ။ တချို့​ဆိုရင် ဘုန်း​ကြီး​ကျောင်း​ထဲမှာ ပစ္စည်း​တွေ ပုံထား​ပြီး​တော့​ လူက ဖြစ်သလို ​တောထဲ​တောင်ထဲ ဟိုနား​ကပ်​နေ ဒီနား​ကပ်​နေ အဲဒီလိုထိ​အောင် ဖြစ်တယ်။”

No comments: