နော်နိုရင်း
ဒီနေ့ မြန်မာ့ရိုးရာအတာသင်္ကြန်ရဲ့ အကြိုနေ့မှာပဲ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ လိုင်းကားခ ဈေးမြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အရင် ပုံမှန်သွားနေ ကျ ၂၀၀ ကနေ ၅၀၀ အထိ တက်သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ကျနော်တို့ မြောက်ဥက္ကလာကနေ ဆူးလေကို သွားတာပေါ့။ တယောက်ကို ၅၀၀၊ ကျနော်တို့ ဘီအမ်ကားစီးစီး၊ မထသ (၄၃) စီးစီးပေါ့။ အထူးကားစီးလည်း ၅၀၀ ပဲ။ ရွှေဧည့်သည်တို့ဘာတို့ အခြားယာဉ် လိုင်းတွေလည်း အကုန် ၅၀၀ ပဲလို့ ပြောတယ်။ အလုပ်အကိုင်ရှိတဲ့အခါကျတော့ သွားရတာ ကားခ ဈေးကြီးတာပေါ့။
အသွား ၅၀၀၊ အပြန် ၅၀၀ ဆိုတော့ ၁၀၀၀ ဖြစ်နေပြီလေ။ ကျနော်တို့ဆီမှာက ၁၀၀၀ ဆိုလို့ရှိရင် ဆင်းရဲသားလူတန်းစားတွေ ထမင်းဟင်း ချက်စားလို့ ရတယ်။ သင်္ကြန်တွင်းမှာ ဂတ်စ်ဆိုင်တွေလည်း မပိတ် ဘူး ဖွင့်ထားတယ်။ အဲဒီတော့ ကားခတွေ ဈေးတက်တယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျဘူး။
ပုံမှန်ထက် ၁၀၀-၂၀၀ တက်ရင်တော်သေးတယ်။ အခုက ၂၀၀ လိုင်းကို ၅၀၀ တက်တာ။ ဆူးလေးသွားမယ်ဆိုရင် အရင်တုန်းက ၂၀၀ အခုက ၅၀၀ ဖြစ်နေပြီ။” အရင်နှစ်တွေတုန်းကလည်း သင်္ကြန် ကာလ မှာ ကားခဈေးတက်လေ့ရှိပေမယ့် ဒီနှစ် အကြိုနေ့မှာ ၅၀၀ ပေးရရင် အကြတ်နေ့မှာ ဒီထက်ကားခဈေးတက်မယ့်သဘောရှိတယ်လို့ သူက ခန်းမှန်း ပြောဆိုပါတယ်။
ဒီလို သင်္ကြန်တွင်း လိုင်းကား ခတွေ ဈေးတက်သွား တဲ့အတွက် သာမန် လက်လုပ် လက်စား သမားတွေ အခက် အခဲ ဖြစ်နိုင်ကြောင်း လည်း ပြောပါတယ်။

No comments:
Post a Comment