Tuesday, April 3, 2012

အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်

မျိုးသန့်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန် ကြေညာ လိုက်သည်။

၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ပြီး ပြည်သူ့ လွှတ် တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၂ နေရာတို့ ဖြစ်ကြသည်။

“ထုတ်ပြန်ကြေညာချက်များအရ ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ယှဉ်တွဲပါ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ၏ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များဖြစ်ကြောင်း ကြေညာလိုက်သည်” ဟု ကော်မရှင်ကြေညာချက်တွင် ဖေါ်ပြပါရှိ သည်။ ကျန် ၅ နေရာမှ ရလဒ်များကို မကြာမီရက်ပိုင်းအတွင်း ကောမရှင်မှ တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိသည်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်များစာရင်း

No comments: