Monday, April 2, 2012

ကလော မဲဆန္ဒ နယ်၌ ခွပ်ဒေါင်း အနိုင်ရ

မွေခေါဝ်


သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD မှ အနိုင်ရသွားကြောင်း သိရှိရပါသည်။

မဲရုံပေါင်း ၁၃၁ ရုံမှ ရေတွက်ရရှိသော မဲအရေအတွက်များမှာ-

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD - ၄၃၉၄၃ မဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP - ၁၇၉၀၅ မဲ
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO - ၁၀၂၅၈ မဲ
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ NUP - ၁၇၁၁ မဲ
သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP - ၆၀၇ မဲ
ပယ်မဲ - ၃၂၇၈

“ကလောမြို့နယ်မှာ လူမျိုးအရမ်းစုံတယ်။ ဒီမြို့နယ်မှာ သျှမ်းကလူဦးရေ ၉၀၀ ကျော်ဘဲရှိတယ်။ ကျနော်တို့ စည်းရုံးရေးလဲ ရွေးကောက် ပွဲကပ်မှ စလုပ်တယ်။ ၂၀၁၅ အတွက် အခြေခံတဲ့သဘောဖြစ် သွားတယ်။ ဒီဒေသမှာ ကျားဖြူကိုသိတဲ့သူ တော်တော်နည်းတယ်။ အခုမှ စသိတာ။ ကျနော်ကျေနပ် ပါတယ်” ဟု ကျားဖြူပါတီ SNDP မှ ဝင်ရောက်ယှဉ်ပြိုင်သော စဝ်သာဦး က သျှမ်းသံတော်ဆင့်အား ပြောပါ သည်။

ကလောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP မှ စဝ်သာဦး၊ တိုင်းရင်းသား စည်း လုံးညီညွှတ်ရေးပါတီ NUP မှ ဦးခင်မောင်လှ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒေါက်တာဒေါ်သန်းငွေ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO မှ ခွန်သိန်းမောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ဗိုလ်ချုပ်ဟောင်း မြဝင်းတို့ ယှဉ်ပြိုင်ကြသည်။

No comments: