Saturday, April 7, 2012

မိုင်းလား ထိန်းချုပ် နယ်မြေရှိ လောင်းကစား ဝိုင်းလုပ်ငန်း လည်ပတ်မှု ကျဆင်း

သျှမ်းသံတော်ဆင့်

တရုတ်အစိုး ရ၏ လက်ကိုင်ဖုန်း ဆက်သွယ် မှုလိုင်း (Connection) ဖြတ်တောက် မှုကြောင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းရှိလောင်း က စားဝိုင်း ၂၀ ကျော်မှာ လုပ်ငန်း လည်ပတ်မှုသိသိသာသာကျဆင်းသွားကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။

မိုင်းလား မြို့မှာတော့ ဖုန်းလိုင်း အားကောင်းတယ်။ ဒါပေမယ့်မိုင်းလားတောင် ဖက် ၁၆ မိုင် အကွာက ဝမ့်သျှို့ ရွာလောင်း ကစားဝိုင်း မှာတော့ ဆက်သွယ် မှုလိုင်း လုံးဝ မရတော့ အွန်လိုင်း ဂိမ်းစ် တွေ ကစားလို့ မရ တော့ဘူး” ဟု အမည် မဖေါ်လိုသည့် မိုင်းလား ဒေသခံ တဦးက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။

တရုတ် နိုင်ငံ ဘေဂျင်း နှင့်အခြား မြို့ကြီး များရှိ ဒေသခံ လူထု အပြင် တရုတ် အရှေ့ အလယ် ပိုင်းမှ အစိုးရ ဝန်ထမ်းများ စီစီ တီဗွီမှာ လောင်းကစား နေသောကြောင့် စာရိတ္တ ပျက်ပြားမှု မှကင်း ဝေးရန် တရုတ် အစိုးရက လောင်းကစား ဝိုင်းများ အား ပိတ်ပင်ရန် ကြိုးစား ရခြင်း ဖြစ်ကြောင်း တရုတ် နယ်စပ်ရှိ အရာရှိ တဦးကပြော သည်။

“ လောင်းကစား၊ လာဘ်စား မှုနဲ့ မူးယစ်ဆေး ရောင်းဝယ်ရေး ဆိုတာ ပတ်သက် ယှက်နွယ် နေတယ်” ဟု အဆိုပါ အရာရှိက ဆက်ပြောသည်။

ယခုလောင်းကစားဝိုင်းပိတ်ပင်တားဆီးမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က လည်း တရုတ်အစိုးရက မိုင်းလားရှိ ကာစီနို များပိတ်ရန်အကျပ်ကိုင်ခဲ့၏။ ၂၀၀၆ တွင် လောင်းကစားရုံများ အား မိုင်းလားမြို့တောင်ဘက် ၁၆ မိုင်ခန့်အကွာ ဝမ့်သျှို့(မိုင်းမအုပ်စု) ၌ ပြောင်းရွှေ့ဖွင့်လှစ်ပေးခဲ့သည်။

အလားတူ လောဝ်(လာအို)အစိုးရက တရုတ်နယ်စပ်ရှိ ဘော်တိန် ကာစီနိုလောင်းကစားရုံကိုလည်း လုံခြုံရေးအကြောင်း ပြကာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်က ပိတ်ရန်အမိန့်ချလိုက်ပြီဖြစ်ကြောင်း ဝိန်းဂျန် (ဗီယန်ရှင်း)တိုင်းမ် သတင်းစာ၌ ဖော်ပြ ထားသည်။

အဆိုပါဘော်တိန် လောင်းကစားရုံမှာလည်း တရုတ်လူမျိုးပိုင်ဆိုင်ခြင်းဖြစ်ပြီး၊ ကာစီနိုလောင်းကစားရုံအစား ခရီးသွားလုပ်ငန်းဖြင့်အစား ထိုးဝင်ငွေရှာမည်ဖြစ်ကြောင်း လောဝ်အစိုးရကပြောသည်ဟုဆို၏။

သို့သော် လာအိုအစိုးရ၏ အထူးစီးပွါးရေးဇုံတခုဖြစ်သော ရွှေတြိဂံဒေသ မဲခေါင်မြစ်ကမ်းရှိ ( နှစ်ပေါင်း ၉၀ ကျော်ကြာ ကန်ထရိုက်ရထား သည့်) တရုတ်လူမျိုး Zhao Wei ပိုင်Kings Romans Casino လောင်းကစားရုံမှာမူ ပိတ်ရန်အမိန့် တွင်အကြုံးဝင်ခြင်းမရှိဟုသိရပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့၏ အဓိကဝင်ငွေမှာ လောင်းကစားဝိုင်း၊ ခရီးသွားလုပ်ငန်း၊သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်စိုက်ပျိုးရေး လုပ် ငန်းတို့ဖြစ်သည်။ ၁၉၉၄ခုနှစ်တွင်ဘိန်းပပျောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့မှုကြောင့်၂၀၀၀မှစ၍မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းအား အမေရိကန်အစိုးရ၏ Blacklist မှ ပယ်ဖျက်ပေးခြင်း ခံခဲ့ရသည်။

No comments: