Saturday, April 7, 2012

စစ်ပွဲ​တွေ ရပ်ရန် အပါအဝင် (၆) ချက် ​ကေအန်ယူနဲ့​ မြန်မာ အစိုး​ရ သ​ဘောတူ

ဒီဗွီဘီ

ကရင်အမျိုး​သား​အစည်း​အရုံး​ ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရြငိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်တဲ့​ ဒုတိယအြကိမ် ​ဆွေး​နွေး​ပွဲကို ရန်ကုန်မြို့​ ဆီဒိုး​နား​ဟိုတယ်မှာ ဒီ​နေ့​ ဆက်လက်ပြုလုပ်ရာမှာ တိုင်း​ရင်း​သား​ဒေသ​တွေမှာ အပစ်အခတ်ရပ်စဲ​ရေး​ အပါအဝင် အချက် ၆ ချက်ကို သ​ဘောတူခဲ့​တယ်လို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ကိုယ်စား​လှယ်အဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ပဒိုကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

အချက် ၆ ချက်ထဲမှာ တြပည်လုံး​ အပစ်အခတ်ရပ်စဲဖို့​ အထူး​သြဖင့်​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်ပွား​လျှက်ရှိတဲ့​ စစ်များ​ကို အြမန်ဆုံး​ရပ်စဲဖို့​၊​ ​ကြောက်ရွံ့​ခြင်း​ကင်း​တဲ့​ ပြည်သူပြည်သား​များ​ ဘဝြဖင့်​ရပ်တည်နိုင်ရန် အာမခံဖို့​၊​ ပြည်သူပြည်သား​များ​အတွင်း​ ယုံကြည်ရမည့်​ အ​ခြေအ​နေ တည်​ဆောက်ဖို့​၊​ အတင်း​အဓမ္မ အလုပ်ခိုင်း​စေတဲ့​ ပုံစံနဲ့​ အမျိုး​မျိုး​သော ​ငွေ​ကြေး​ကောက်ခံခြင်း​များ​ မြပုလုပ်ဖို့​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ကို အြမန်ဆုံး​ လွှတ်​ပေး​ဖို့​နဲ့​ ပြည်သူပြည်သား​များ​ ဘဝြပန်လည်ထူ​ထောင်​ပေး​ဖို့​ စတဲ့​အချက်​တွေ ပါဝင်ပါတယ်။

ဆွေး​နွေး​ပွဲအြပီး​ နှစ်ဖက်​ခေါင်း​ဆောင်​တွေက သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံကာ သတင်း​ စာရှင်း​လင်း​ပွဲ ကျင်း​ပသွား​ခဲ့​ပါတယ်။

အဖွဲ့​ဝင် ၂၁ ဦး​ပါ ​ကေအန်ယူအဖွဲ့​မှာ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ချုပ် ​နော်စီဖိုး​ရာစိန်နဲ့​ စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မူတူး​စေး​ဖိုး​တို့​ ​ခေါင်း​ဆောင် ပါဝင်ပြီး​ အစိုး​ရြငိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​မှာ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​နဲ့​ လူဝင်မှုကြီး​ကြပ်​ရေး​ဌာနကပြည်​ထောင် စုဝန်ကြီး​ ဦး​ခင်ရီတို့​ ဦး​ဆောင် ပါဝင် ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

No comments: