Friday, April 6, 2012

ဒေါ်စုကို ကြိုက်လို့ အန်လယ်ဒီကို မဲပေး

အဇံ၊ ကောင်းဝါသတင်းဌာန

“သူမ(ဒေါ်အောင်ဆန်းစုကြည်) ကြောင့် အန်အယ်ဒီပါတီက မဲအနိုင်ရသွားတာပါ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီး၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော မင်းကြည်ဝင်းက ပြောပါသည်။

“ပြည်သူတွေက သူမကို အရမ်းယုံကြည်နေကြတယ်၊၊ မဲဆန္ဒရှင် ဘယ်သူ၊ ဘယ်ဝါဆိုတာကို သူ့တို့သိပ်အရေးမထားဘူး၊ သူမ (ဒေါ်အောင် ဆန်းစုကြည်) ကို ကြိုက်လို့ အန်အယ်ဒီကို မဲပေးတာပါ”။

ဧပြီလ(၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်၏ လစ်လပ်မဲဆန္ဒနယ် တစ်နေရာကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (အေအန်ဒီပီ) က မရရှိပဲနှင့် အန်အယ်ဒီက အနိုင်ရ သွားခဲ့ ပါ သည်။

“ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို သဘောကျမှာပေါ့၊ သူကလည်း လူတွေဆီက မဲရအောင် ဘယ်လိုစည်းရုံးရမလဲ ဆိုတာကို သိနေတာကိုး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေ စီပါတီ ဥက္ကဋ္ဌ နိုင် ငွေသိန်းက ယခုကဲ့သို့ ပြောပါသည်။

“သူမက ပင်လုံ ညီလာ ခံကို ပြန်လုပ် မယ်လို့ ပြောထားတာ” ။ (ဒေါ်အောင်ဆန်း စုကြည် ထောင်မှ လွတ်ခါ စတွင် ပြောထား ခဲ့ဖူးသည့် စကားကို နိုင်ငွေသိန်းက ရည်ညွန်း ပြောဆိုခြင်း ဖြစ်သည်။)

တိုင်းရင်း သား များအတွက် မည်သို့သော ပင်လုံ ညီလာခံကို ဒေါ်စု ပြန်လည်ပြု လုပ်ပေး မည်ကို သူ့အနေနှင့် မေးစရာ၊ မေးခွန်း ဖြစ် နေသည်ဟု နိုင်ငွေသိန်းက ပြောပါသည်။

တနင်္ဂနွေနေ့တွင် ကျင်းပသောမြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်ဒီက မဲဆန္ဒနယ် (၄၃) နေရာကို အနိုင်ရခဲ့ပြီး ၊ မြန် မာ့ နိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေးအခြေအနေ ရှေ့သို့တစ်လှမ်း ရွေ့သွား သည်ဟု လူအ များက သုံးသပ်ကြ ပါသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က မဲထည့် နိုင်သူ အရေ အတွက် စုစုပေါင်း (၁၅၈, ၂၁၉) ဦးရှိသည်ဟု တရားဝင်ကြေညာထားပြီး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက အန်လယ်ဒီကို (၆၆, ၆၅၆) မဲဖြင့်ရှုသွားခဲ့သည်ဟု ပြည်တွင်းပြည်ပ သတင်းများက တင်ပြကြ ပါ သည်။

အေအန်ဒီပီက ရွာ တစ်ရွာတည်းမှာပင် အန်အယ်ဒီကို အနိုင်ရခဲ့သည်ဟု မင်းကြည်ဝင်းက ပြောပါသည်။

မော်လမြိုင်မဲဆန္ဒနယ်ကို ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အန်အယ်ဒီက အနိုင်ရရှိထားခဲ့သည်။

“လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် မော်လမြိုင် မဲဆန္ဒ နယ်မှာ အနိုင်ရဖို့ ကျနော်တို့ အများကြီး ကြိုးစားပြီး စည်းရုံးရေး ဆင်းရ အုံးမှာပါ” ဟု မင်းကြည်ဝင်း က ပြောပါသည်၊၊ “ရွေးကောက်ပွဲ မတိုင် ခင် မွန်တွေ နေထိုင်တဲ့ ရွာတွေမှာ ကြိုတင် စည်းရုံးရေး ဆင်းပြီး၊ ပြည်သူတွေ တကယ် ကြိုက်နှစ် သက်ပြီး၊ ယုံကြည် အားကိုးတဲ့ ပုဂ္ဂိုလ်ကို ပွဲထုတ်နိုင် ရင်တော့ မော်လမြိုင် မဲဆန္ဒနယ်ကို ကျနော်တို့ အနိုင် ရမှာပါ”။

No comments: