Friday, April 6, 2012

ပြည်သူလူထုအား ပေါ်တာ လုပ်အား မခေါ်ရေးသမ္မတ အမိန့် နယ် စပ်ဒေသအထိ သက်ရောက်ပြီ

KHONUMTHUNG NEWS

ပြည်သူ လူထုအား လုပ်အား ခေါ်ယူခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်း မပြုရေး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ အမိန့် ချင်း ပြည် နယ် နယ်စပ် ဒေသ အထိ အာဏာ သက်ရောက်မှူ ရှိပြီဟု ဒေသခံ တဦးက ပြောသည်။

ဖေါ်ပြပါ နိုင်ငံတော် သမ္မတ အမိန့်ကြောင့်ပြည်သူရဲ၊ နယ်မြေခံ တပ်မတော် သားများအနေ နဲ့ ဒေသခံ ပြည်သူတွေကို လုပ်အား၊ ပေါ်တာတွေခေါ်မှာ မဟုတ်တော့ကြောင်း မတူပီမြို့နယ်လိုင်လင်းပီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

“ အခု လိုင်လင်းပီ ပြည်သူရဲ မိသားစု လိုင်းတွေကို ပြည်သူရဲတွေကိုယ်တိုင် ဆောက်နေကြတယ်၊ အရင် တပ်မတော် အစိုး ရ လက်ထက်မှာ ပြည်သူတွေကို ကျေးရွာအလိုက် ခွဲတမ်းချပြီး ကိုယ့်စရိတ်နဲ့ ကိုယ် ဆောက်ခိုင်းတာလေ ” ဟု လိုင် လင်း ပီရွာသားတဦးက ပြောသည်။

ပြည်သူရဲနဲ့ နယ်မြေခံ စစ်သားတွေအတွက် စခန်းရုံးနှင့် မိသားစုလိုင်း ပြုပြင်စရိတ်ကို သက်ဆိုင်ရာက ဘတ်ဂျက်တွေ ချ ပေးခြင်း မရှိကြောင်း ပြည်သူရဲနဲ့ နီးစပ်သူတဦးက ဆိုသည်။

“ အခု လောလောဆယ်တော့ ပေါ်တာတွေ မရှိပေမဲ့ ရေရှည်အတွက် စိတ်ချလို့မရဘူး၊ သူတို့မှာ အဲဒီအတွက် ဘတ် ဂျက် မရှိဘူးလေ ” ဟု ပြောသည်။

သို့သော် ယခုလက်ရှိ ချင်းပြည်နယ်အတွင်း အစိုးရ ၀န်ထမ်းများသည် မသမာသော နည်းဖြင့် အခွန် ကောက်နေကြ ကြောင်း သိရသည်။

“ စာမေးပွဲကြေး၊ စာစစ်ခ၊ ဆေးစစ်ခ အတွက် ဆိုပြီး ၀န်ထမ်းတွေက ပြည် သူ ထံ ငွေကောက်တာတွေရှိသေး တယ်” ဟု မတူပီမြို့နယ်မှ ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

No comments: