Wednesday, April 11, 2012

စသုံး​လုံး​ ရုံး​ပေါ်က ပြုတ်ကျ​ သေဆုံး​ သည့်​အမှု တိုင်ကြား​ မရ

အံ့ဘုန်းမြတ်

ရန်ကုန်မြို့​ရှိ အထူး​ စုံစမ်း​ စစ်​ဆေး​ရေး​ (စစစ) ရုံး​ပေါ်က ပြုတ်ကျ​ သေဆုံး​ ခဲ့​တဲ့​ မနန်း​ဝိုး​ဖန်း​ ​သေဆုံး ​မှုနဲ့​ ပတ်သက်ပြီး​ အမှုဖွင့်​ တိုင်ကြား​လို့​ မရြဖစ်​ နေပါတယ်။

ကျပ်​ငွေ သိန်း​ပေါင်း​ ၅ ​ထောင်မက တန်ဖိုး​ ရှိတဲ့​ အိမ်ခြံ​ မြေကိစ္စ​ တွေနဲ့​ ပတ်သက်ပြီး​ အသက် ၁၉ နှစ် အရွယ် ရှမ်း​ အမျိုး​ သမီး​ မနန်း​ဝိုး​ဖန်း​ကို စသုံး​လုံး ​ရုံး​မှာ မတ် ၂၁ ရက်​ နေ့​ကစ ​နေ​ရော ညပါ စစ်​ဆေး​ခဲ့​ပြီး​ မတ် ၂၄ ရက်​ နေ့​ မနက် ၅ နာရီ​ လောက်မှာ စသုံး​လုံး ​ရုံး​ ၅ ထပ် တိုက်က​နေ ပြုတ်ကျ​ သေဆုံး​ ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အမှုဖွင့်​ တိုင်ကြား​ လို့​မရ ဖြစ်​နေ တာပါ။

ဧပြီ ၆ ရက်​ နေ့​က ​ကျောက်တံတား ​မြို့​နယ် ရဲစခန်း​မှာ မနန်း​ဝိုး​ ဖန်း​ရဲ့​ ဖခင် ဦး​အိုက်ခမ်း​က တရား​ လိုအြဖစ် မတရား​ ချုပ်​နှောင်မှု ပုဒ်မ ၃၄၁၊​ လူသတ်မှု ပုဒ်မ ၃၀၂ စတဲ့​ ပုဒ်မ​ တွေနဲ့​ အထူး​ စုံစမ်း​ စစ်​ဆေး​ရေး​က တာဝန် ရှိသူ​ တွေကို အ​ရေး​ယူ ​ဆောင်ရွက်​ ပေး​ဖို့​ အမှုဖွင့်​ တိုင်ကြား​ ခဲ့​တာလို့​ အမှုမှာ လိုက်ပါ ​ဆောင်ရွက်​ ပေး​နေတဲ့​ တရား​ လွှတ်​တော်​ရှေ့​နေ ​ဒေါ်နန်း ​ထွေး​မှုံက ​ပြောပါတယ်။

“၆ ရက်​ နေ့​တုန်း​က ​ကျောက်တံတား​ ရဲစ ခန်း​မှာ သူ့​အ​ဖေ နာမည်နဲ့​ တရား​ လိုပြု လုပ်ပြီး​ စွဲလိုက် တယ်။ ကျမ က​တော့​ မတရား​ ချုပ်​နှောင် မှုနဲ့​ လူသတ်မှု ဆိုပြီး​တော့​ စွဲထား ​တာ​ပေါ့​။”

ဒီလိုတိုင်ကြား​ခဲ့​ပေမယ့်​ ​ကျောက်တံတား​မြို့​နယ်ရဲစခန်း​က ​သေမှု​သေခင်း​ အ​နေနဲ့​ အမှုဖွင့်​ထား​ပြီး​ဖြစ်သလို ဌာနတွင်း​ ခုံရုံး​ဖွဲ့​စစ်​ဆေး​မှု ပြုလုပ်​နြေပီ ဖြစ်တာ​ကြောင့်​ အမှုကို လက်မခံခဲ့​တာလည်း​ ဖြစ်ပါတယ်။

ဒါ​ကြောင့်​ တရား​လိုဘက်က အမှုမှန်​ပေါ်​ပေါက်​ရေး​ ဆက်လက်တင်ပြ​ပေး​ဖို့​ ​တောင်း​ဆိုတာ​ကြောင့်​ တိုင်း​ရဲမင်း​ကြီး​ထံ မြို့​နယ်ရဲစခန်း​က တင်ပြခဲ့​တယ်လို့​လည်း​ တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်နန်း​ထွေး​မှုံက ​ပြောပါတယ်။

ဒီလိုတင်ပြခဲ့​ပေမယ့်​ တရား​ဥပ​ဒေစိုး​မိုး​ရေး​အရ သက်ဆိုင်ရာက လူတ​ယောက်ကို ဖမ်း​ဆီစစ်​ဆေး​ခွင့်​ ရှိတယ်ဆိုတဲ့​ ဥပ​ဒေပါပြဋ္ဌာန်း​ချက်အရ ပြစ်မှုမ​မြောက်တာ​ကြောင့်​ အမှုကို လက်မခံနိုင်​ကြောင်း​ တိုင်း​ရဲမင်း​ကြီး​က မှတ်ချက်​ပေး​ ​ပြောဆိုခဲ့​တာတာ​တွေကိုလည်း​ တရား​လွှတ်​တော်​ရှေ့​နေ ​ဒေါ်နန်း​ထွေး​မှုံက ရှင်း​ပြပါတယ်။

“အခု​သေသွား​တဲ့​ ကိစ္စက သူ့​ဟာသူ တာဝန်မရှိလို့​ သူဟာသူ​သေတာတို့​၊​ ကြိုး​ဆွဲချ​သေတာတို့​၊​ ​သေ​နေတာကို ဘယ်သူသတ်မှန်း​ မသိလို့​ ​တွေ့​တယ်ဆိုတဲ့​ အ​နေအထား​မျိုး​ မဟုတ်ပါဘူး​။ ​သေမှု​သေခင်း​ မ ဟုတ်ပါဘူး​။ ဒါက တာဝန်ရှိသူ​တွေ ​ခေါ်သွား​ပြီး​၊​ စစ်​ဆေး​ပြီး​ ​ပေါ်​ပေါက်လာတဲ့​ ကိစ္စြဖစ်​နေတဲ့​အတွက် တာဝန်ရှိတဲ့​သူ​တွေ ရှိ​နေပါတယ်။ ဒါ​ကြောင့်​ ဒီတာဝန်ရှိတဲ့​သူ​တွေကို အ​ရေး​ယူ​ပေး​ပါဆိုပြီး​ ​ပြောတဲ့​အ ခါကျ​တော့​ ရန်ကုန်တိုင်း​ ရဲမှူး​ကြီး​ကို တင်ပြလိုက်ပါဦး​မယ် ဆိုပြီး​ သူတို့​သွား​တင်ပြတယ်။ ရန်ကုန်တိုင်း​ရဲမှူး​ကြီး​က ​ပြောတယ်။ အမှုက မတရား​ချုပ်​နှောင်တာမဟုတ်ဘူး​။ ဌာနတွင်း​ ​ခေါ်စစ်တဲ့​အခါမှာ ဒီလိုမျိုး​ ​ခေါ်ယူစစ်​ဆေး​လို့​ ရပါတယ်။ ကျမက​ပြောတယ်။ အ​စောင့်​အ​ရှောက်နဲ့​ အချိန်ပြည့်​ ​စောင့်​ရှောက်​နေတဲ့​ အချိန်​တွေမှာ ဖြစ်သွား​တဲ့​ကိစ္စမှာ​တော့​ ၂၄ နာရီ​ကျော် သွား​တယ်။ သူတို့​ဘက်က​တော့​ မ​ပေါ်​ပေါက်ပါ ဘူး​လို့​ ​ပြောပါတယ်။။ အမှုဆက်ဖွင့်​လို့​ မရပါဘူး​ဆိုပြီး​ မှတ်ချက်ပြုလာပါတယ်။ ဒါ​ကြောင့်​ မဖွင့်​ပေး​နိုင်ပါဘူး​လို့​ ​ပြောတယ်။”

ဒီလို အမှုကို တရား​ဥပ​ဒေစိုး​မိုး​ရေး​မှာ အဓိက တာဝန်ရှိတဲ့​ အုပ်ချုပ်​ရေး​ပိုင်း​က တာဝန်ရှိပုဂ္ဂိုလ်​တွေက အမှုမှန်​ပေါ်​ပေါက်​အောင် မလုပ်​ဆောင်​ပေး​တာ​ကြောင့်​ တရား​လို​တွေဘက်က​တော့​ နိုင်ငံ​တော် သမ္မတ အပါအဝင် ဒု – သမ္မတ ​ဒေါက်တာစိုင်း​မောက်ခမ်း​တို့​ဆီကိုပါ စာ​ရေး​တိုင်ကြား​ထား​တယ်လို့​လည်း​ မနန်း​ဝိုး​ဖန်ရဲ့​ ဖခင် ဦး​အိုက်ခမ်း​က ​ပြောပါတယ်။

ဒီ​သေဆုံး​မှုနဲ့​ပတ်သက်ပြီး​ ပြည်တွင်း​ထုတ် သတင်း​ဂျာနယ်အချို့​က ​ရေး​သား​ဖော်ပြဖို့​ ကြိုး​စား​ခဲ့​ပေမယ့်​လည်း​ စသုံး​လုံး​ အာဏာပိုင်​တွေဘက်က သတင်း​ထောက်​တွေကို ခြိမ်း​ခြောက် ဖိအား​ပေး​တာ​တွေ ရှိ တယ်လို့​ သိရပါတယ်။

No comments: