Wednesday, April 11, 2012

ဒေါ်စုနှင့် တွေ့ဆုံရန် ALP ငြိမ်းချမ်းရေး အဖွဲ့ အစီအစဉ်ပျက်

နိရဉ္စရာ

ရန်ကုန်မြို့တွင် ရောက်ရှိနေသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ တွေ့ဆုံရန် ရက်သတ်မှတ် ထားသော်လည်း ခရီးစဉ်အခြေအနေ အရ ဖျက်သိမ်း လိုက်ရ သည်ဟု သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်ရာ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်မှာ နေမကောင်းသည့် အတွက် ကိုယ်စားလှယ် အဖြစ်လိုက်ပါလာသူ ကိုလှရွှေက နိရဉ္စရာသို့ ယခုလို ပြောပြသည်။

"ကျွန်တော်တို့ ဥက္ကဌ နည်းနည်းနေမကောင်းဘူး။ အဲဒါကြောင့် ဖုန်းပြောလို့ရမှာ မဟုတ်ဘူး။ နောက်မှဆက် သွယ်ပါ"ဟုပြောသည်။

မည်သည့် အတွက်ကြောင့် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ဖျက်သိမ်းလိုက်ရသလဲ ဟုမေးမြန်းရာ သူကဆက်ပြောသည်။

"ကျွန်နော်ကတော့ ပြောရေးဆိုခွင့် ရှိသူတယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒေါ်စုနဲ့ တွေ့နိုင်အောင် အတွက် ဧပြီ ၁၁ ရက်နေ့ ၁၀ နာရီမှာ ချိန်းထားပါ တယ်။ ဒါပေမယ့် ခရီးစဉ်အ ခြေအနေအရ ဖျက်သိမ်းလိုက်ရ ပါတယ်" ဟုပြောသည်။

သို့သော်လည်း အသေးစိတ်ကို ပြောဆိုရန် သူက ယခုလို ငြင်းဆိုသည်။ "ဒီကိစ္စတွေကို ကျွန်တော် ပြောလို့မရဘူး။ ပြောခွင့်လည်း မရှိဘူး" ဟု ပြောသည်။

ALP သည် ဧပြီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်နယ် အစိုးရအဖွဲ့နှင့် ပဏာမ သဘောတူညီမှု (၅)ခုကို လက်မှတ်ထိုးခဲ့ပြီးနောက် ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ ဆုံရန် စီစဉ်ထားခဲ့သည်။

No comments: