Sunday, April 8, 2012

ရွေး​ကောက်ပွဲ​ စောင့်​ကြည့်​ လေ့​လာ​ရေး​ ကွန်ရက်က အစီရင် ခံစာ ထုတ်ပြန်

ရွှေအာင်

၈၈ မျိုး​ဆက်​ ကျောင်း​သား​ တွေရဲ့​ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ လေ့​လာ​ရေး​ ကွန်ရက်က အစီရင် ခံစာ တ​စောင် ထုတ်ပြန် လိုက်ပြီး​ ကွန်ရက်ရဲ့​ သတင်း​စာ ရှင်း​လင်း​ပွဲ ကိုလည်း​ ရန်ကုန်မှာ ဒီ​နေ့​ပြု လုပ်သွား​ခဲ့​ ပါတယ်။

၂၀၁၂ ခုနှစ် ကြား​ဖြတ်​ ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ လေ့​လာမှု အစီရင် ခံစာ အမှတ် ၁ ကို မြန်မာ - အဂင်္လိပ် နှစ်ဘာ သာနဲ့​ ထုတ်ပြန် လိုက်တာ ပါတယ်။

ကွန်ရက်ရဲ့​ အစီရင် ခံစာဟာ ​ရွေး​ကောက်ပွဲ ကျင်း​ပ အြပီး​ တပတ် အတွင်း​မှာ အ​ခြေခံ ကျတဲ့​ အချက် အလက်​ တွေကို သတင်း​ မီဒီယာ ​တွေကို ​ပေး​တာ ဖြစ်ပြီး​ ဒီ့​ထက် ပိုပြီး​ ပြည့်​စုံတဲ့​ အစီရင် ခံစာ ကို​တော့​ တလ​လောက် အချိန် ယူပြီး​မှ ထုတ်ပြန်မှာဖြစ် တယ်လို့​ ၈၈ မျိုး​ဆက်​ ကျောင်း​သား​ ခေါင်း​ဆောင် ကိုမင်း​ ကိုနိုင်က ​ပြောပါတယ်။

မြန်မာလို ထုတ်ပြန် လိုက်တဲ့​ ကြား​ဖြတ်​ ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာမှု အစီရင် ခံစာမှာ ၈ မျက်နှာ ပါရှိပြီး​၊​ ​ရွေး​ကောက်ပွဲအြ ကိုကာလ၊​ ​ရွေး​ကောက် ပွဲ​နေ့​၊​ ​ရွေး​ကောက်ပွဲ အလွန်၊​ ​ဝေဖန်သုံး​ သပ်ချက် စသြဖင့်​ အခန်း ​ကဏ္ဍ အလိုက် ခွဲခြား​ တင်ပြ ထား​တာ ​တွေ့​ရ ပါတယ်။

ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ လေ့​လာ​ ရေး​ကွန် ရက်ကို ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေ ဦး​ဆောင်ပြီး​ ကြား​ဖြတ်​ ရွေး​ကောက်ပွဲ မကျင်း​ ပခင်က ဖွဲ့​စည်း ​ခဲ့​တာပါ။

လွတ်လပ်တဲ့​ အရပ်ဖက် လူ့​အဖွဲ့​ အစည်း​ တရပ် အ​နေနဲ့​ ​ရွေး​ကောက်ပွဲ​တွေ လွတ်လပ် မျှတြပီး​ ပြည်သူ​တွေ ပူး​ပေါင်း​ ပါဝင် လာဖို့​ ရည်ရွယ်ဖွဲ့​ စည်း​ခဲ့​ တာလည်း​ ဖြစ်ပါတယ်။

No comments: